အပိုင်း ၅

253 23 0
                                    

အနောက်ဘက်ကိုနေဝင်လို့ မှောင်စပျိုးချိန်ကိုရောက်နေပြီ... ရွာထဲဝင်လိုက်တာနဲ့ ဟိုနားတစ်စု ဒီနားတစ်စု ပြေးလွှားဆော့ကစားနေတဲ့ ကလေး‌တွေအသံကလွဲလို့ တိတ်တိတ်ဆိတ်ဆိတ်...

"အီး ဟီး ဟီး!!"

"တော်ပါတော့ ကိုကြီးဝလုံးရာ..."

"ဟုတ်သားပဲ လမ်းတစ်လမ်းလုံးငိုသံကြီးပဲ.. နွားရိုင်းသွင်းချိန်ရောက်နေပြီနော်..မကြောက်ဘူးလား.."

သင်္ဘောသီးစိမ်းကြီးကြီးတစ်လုံး ရင်ခွင်ထဲပိုက်လို့ အပြန်လမ်းတစ်လျှောက်အော်ငိုလာတဲ့ ဝလုံး...

"မတော်နိုင်ဘူးကွ.. !အွတ်! ငို အွတ်! ငိုအုံးမှာ ဗြဲ.."

ပြောပြောဆိုဆို အသံဗြဲနဲ့ထငိုတဲ့ဝလုံးကြောင့် သာကူစိနဲ့ ဂျူမုံ ခေါင်းကုတ်ရပြီ...

ကိုကြီးဝလုံးက ငိုရလွန်းလို့ ကျွတ်တွေပါထိုးနေပြီ... ပါးနှစ်ဖက်က ပါးကွက်ကြီး‌တွေလည်း မျက်ရည်တွေကြောင့် ဟိုတစ်ကွက်ဒီတစ်ကွက်...

ဆံပင်တွေကဖွာလန်ပြီး ပုဆိုးကိုတိုတိုဝတ်လို့ လက်ထဲမှာသင်္ဘောသီးကြီးနဲ့ဝလုံးက ရွာထဲရောက်လို့အငိုရပ်သွားပေမဲ့ နှာတရှုံ့ရှုံ့...

ဟုတ်တယ်..ဝလုံးအသဲကွဲလာတယ်...ဝလုံးအရူးအမူးချစ်ရတဲ့ အထွေးလေးက အထွေးလေးက~~

ယောကျာ်းယူတော့မှာတဲ့~~~!ဝလုံးလူပျိုစကားပြောတုန်းကကျ ငယ်သေးလို့မစဉ်းစားချင်သေးဘူးလို့ ဆိုတဲ့အထွေးလေးကလေ ခုတော့မြို့ကြီးသားနဲ့အကြောင်းစုံလို့ ပေါင်းဖက်ပါတော့မယ်တဲ့...

အထွေးလေးက ဝလုံးအချစ်ဦး...ဝလုံးက အထွေးလေးကို ဒီလောက်ချစ်တာကို အထွေးလေးကလုပ်ရက်တယ်~~!

တွေးရင်းဝမ်းနည်းလာပြန်တဲ့ ဝလုံးကကျလာတဲ့မျက်ရည်တွေကို လက်တစ်ဖက်တည်းနဲ့ပွတ်ဆွဲသုတ်ပစ်တယ်.. တစ်ဖက်က သင်္ဘောသီးပိုက်ထားလို့မအားဘူး...!

ခေါင်းကြီးငိုက်စိုက်နဲ့ လက်တစ်ဖက်ကသင်္ဘောသီးကိုပွေ့လိုက် လက်တစ်ဖက်ကမျက်ရည်တွေသုတ်လိုက်နဲ့ ဝလုံးကိုကြည့်ပြီး သာကူစိတို့တိတ်တိတ်လေးသာနေလိုက်ကြတော့သည်...

ကိုကြီးဝလုံးက တကယ်ကြီးကြေကွဲနေတာ...

"ကိုကြီးဝလုံးသနားပါတယ်..."

အသံတိုးတိုးလေးကြောင့် ဂျူမုံရှေ့ကြည့်လျှောက်နေရာက ဘေးကိုငဲ့ကြည့်တော့ သာကူစိကမျက်နှာလေးမဲ့လို့ သူပါရောငိုတော့မယောင်~~

"မင်းကတစ်မျိုး!!"

"ဘာတုန်း!!"

ရှေ့မကြည့်ဘဲ ခေါင်းကြီးငုံ့လမ်းလျှောက်လာတဲ့ဝလုံးက သာကူစိတို့ကိုလည်းသတိရပုံမပေါ်... တဖြေးဖြေးလျှောက်လာကြတာ သူကြီးအိမ်နားပင်ရောက်နေပြီဖြစ်သည်...

တစ်ယောက်တည်းကြေကွဲလူငယ်လုပ်နေသူနောက်ကလိုက်ရင်း တိုးတိုးကြိတ်ကြိတ်ရန်ဖြစ်နေသူနှစ်ယောက်က ဖုတ်ခနဲအသံနဲ့အတူ ဗြဲခနဲအော်သံကြောင့် မျက်လုံးပြူးသွားတော့သည်...

"ဟာ...ကိုကြီးဝလုံး!!"

"ဝလုံးလေး"Where stories live. Discover now