ကျွန်တော်နှင့် အဲလီယာ part 1

12.5K 78 0
                                    

ကျွန်တော်နှင့်အဲလီယာ part 1

"စီးကရက်"

တောင်းယူလာတဲ့ သူမလက်တွေက တုန်နေတယ်

အဲလီယာ ဒီနေ့ဆေးမသုံးဖစ်ဘူးဆိုတာ ကျနော်တွေးမိလိုက်တယ်

"ဘိုင်ပြတ်နေပီလား အဲလီယာ"

"လာမရှုပ်နဲ့ နေသန် ကိုယ့်အကန့်ကိုယ်နေ"
အဲလီယာဟာ ခပ်ရင့်ရင့်မိန်းမပါဘဲ

စီးကရက်ငွေ့တွေကြား သူမရဲ့နီညိုရောင်ဆံနွယ်တွေကို သပ်တင်လိုက်တယ်

ညို့အားပြင်းတဲ့ သူမမျက်ဝန်းတွေဟာ မှိုင်းညို့လို့နေတယ်

"ကိုယ်က ကူညီမလို့ပါ အဲလီယာ အခန်းမှာအစုံဖြည့်ထားတယ် ခါတိုင်းလိုပေါ့လေ"

အဲလီယာဟာ တစ်ချက်ပြုံးတယ်
အဲလီယာပြုံးရင်သိပ်လှတာ

"ဒါပေါ့ နေသန် ငါလာမယ်လေ"

"အဲလီယာရေ မင်းအလှည့်ရောက်ပီ"

စီးကရက်ကိုပစ်ချပီး သူမဟာ စင်ပေါ်ကို အားပါးတရပြေးတက်ကာ ဖျော်ဖြေတော့တယ်

အဲလီယာဟာ ညအရက်ဘားက သီချင်းဆိုတဲ့မိန်းကလေး ညဉ့်ငှက်လား ဟင့်အင်း အဲလီယာဟာ အရိုင်းဆန်ပေမဲ့လည်း ထိုသို့မိန်းကလေးမဟုတ်

နီညိုရောင်ဆံနွယ်တွေ ရမ်းခါနေအောင် သီဆိုနေတဲ့မိန်းကလေးကြောင့် သူရဲ့bandအဖွဲ့လည်း သူမပါရင်တောင် ကောင်းကောင်းဆိုနိုင်နေကြပီ

သူမကြောင့်လည်း သူတို့bandဟာ စျေးပိုမြင့်လာရတယ်

.............................
"အင်းးး ဟင်းးးး"
ငြီးသံများဟာ အသံရှည်ဆွဲလို့ အဝတ်ဗလာ ခန္ဓာနှစ်ခုဟာ တဆက်ဆက်တုန်နေခြင်းကိုကြည့်ခြင်းအားဖြင့် သူတို့စိတ်ဆန္ဒများ ပြီးမြောက်သွားကြောင်း သိသာနေတယ်

နေသန်ဟာ အဲလီယာရဲ့ချွေးစို့နေတဲ့ နားသယ်စပ်ကို ခပ်ဖွဖွအနမ်းချွေကာ ဘေးသို့စောင်းချပီး အဲလီယာကို ဖက်ထားလိုက်တယ်

ခပ်သွယ်သွယ်လက်တစ်စုံကလည်း နေသန့် ခါးပေါ်ကို ပြန်ဖက်တွယ်လို့လာတယ်

ဘာမှမပြောကြဘဲ တအောင့်အကြာမှာ အဲလီယာက အရင် ထကာ စီးကရက်တစ်လိပ်ထုတ်ပီး သောက်တယ်

Short stories ❤️حيث تعيش القصص. اكتشف الآن