မခင်မိုးမြင့် Part 1 (GL)

643 7 0
                                    

မခင်မိုးမြင့် Part 1

ထို အမျိုးသမီးရဲ့ စိုးရွံ့နေတဲ့မျက်ဝန်းတွေ........
တုန်ရီကာ တွေဝေနေတဲ့ စိတ်တွေကို ကျွန်မမြင်နေရသည်

ထိုအမျိုးသမီးကိုပြန်လည်ခေါ်ယူချင်တဲ့ အချိန်နာရီတွေဟာ ကျွန်မရဲ့ရန်သူဘဲ

"မခင်မိုးမြင့်...."

"ဟင်...."

ကျွန်မရဲ့ အေးစက်စက်ခေါ်သံကြောင့် ဝေ့ကြည့်လာတဲ့ မျက်ဝန်းတွေမှာ ကျွန်မစိတ်ဆိုးသွားမှာကိုလည်းကြောက်နေပြန်သည်

"ဒီည မပြန်ပါနဲ့....."

"အိုကွယ် မောင်က တို့ကိုခက်အောင်လုပ်ပြီ...."

ထိုအမျိုးသမီးဟာ သူမရဲ့ရှုပ်ထွေးမှုတွေကို မျက်မှောင်တွေကြုံ့ကာ ဖော်ပြသည်

ခုဏက မခင်မိုးမြင့် ကျွန်မအတွက်ဖျော်ပေးထားတဲ့ ကော်ဖီတွေက အေးလို့နေပြီ

"အပြင်မှာ မိုးတွေရွာနေတယ် ပြန်မှဖြစ်မှာလား...."

ကျွန်မစကားမှာ မခင်မိုးမြင့်က သည်းနေတဲ့ မိုးတွေကို ကျွန်မတိုက်ခန်းရဲ့မှန်ပြတင်းကနေကြည့်သည်

ကျွန်မ ထရပ်နေတဲ့ မခင်မိုးမြင့်ရဲ့လက်ကောက်ဝတ်ကို ကိုင်ကာ ရင်ခွင်ထဲဆွဲသွင်းတော့ အလိုက်တသိပါလာတဲ့ ကိုယ်လုံးလေးကို ကျွန်မ အပိုင်လို့ မှတ်သားနေမိသည်

ပုံမှန်ဆို မာနသိပ်ကြီးတဲ့  မခင်မိုးမြင့်ဟာ ဒီလို မပြုမူတတ်မှန်း ကျွန်မသိနေသည်

မခင်မိုးမြင့်ရဲ့ နူးညံ့သိမ့်မွေ့တဲ့ ဘက်ခြမ်းကို ကျွန်မတစ်ယောက်သာမြင်ချင်မိသည်

နူးညံ့တဲ့ အထိအတွေ့လေးတွေ ကျွန်မလက်မောင်းမှာ ခံစားမိတော့  မခင်မိုးမြင့် ကျွန်မကို ခိုးနမ်းနေမှန်းသိစွာ ကျွန်မနှုတ်ခမ်းတွေပြုံးသွားရသည်

"တို့ ပြန်မှ ဖြစ်မယ် မောင်....."

အသနားခံနေတဲ့  မခင်မိုးမြင့်ရဲ့ မျက်ဝန်းတွေဟာ သူမကိုခက်ခဲအောင်မလုပ်ဖို့ ကျွန်မကို တောင်းဆိုနေတဲ့အတိုင်းပါဘဲ..........

'ပြန်ပါ  မခင်မိုးမြင့်ရယ်  မခင်မိုးမြင့်ရဲ့ မျက်ဝန်းငယ်တွေက ကျွန်မအတွက် လက်နက်ချရာပါဘဲ....'

Short stories ❤️Where stories live. Discover now