"ဘာလို့ အဲ့မိန်းကလေးလည်း မောင်...."
မောင်ဟာ ကျွန်မလက်တွေကို ဖယ်ချကာ ရေခွက်ကို မော့သောက်လေသည်
မောင့်ရဲ့ ခပ်ထူထူမျက်ခုံးတန်းတွေဟာ ကျွန်မကို အလိုမကျမှုကြောင့် တွန့်ချိုးလို့နေသည်
"သူမက မမလိုမဟုတ်ဘူး..."
"ဘာတွေလဲ ဘာတွေကများ မမထက်သာနေသလဲ....."
"အရာရာဘဲ မမ "
မောင်ဟာ ကျွန်မမျက်နှာကို စေ့စေ့ကြည့်၍ပြောသည်
မောင့်အတွက်ဆို အရာရာစွန့်လွှတ်ပြီး မောင့်မျက်နှာဘဲ ကြည့်နေတဲ့ကျွန်မကို မောင်ဟာပြောသည်
"မောင် နင် ငါ့အချစ်တွေကို မသိတာလား မသိလို့ နင် ဒီလိုတွေပြောနေတာလား..."
အသံတွေတုန်ရီမနေအောင် ထိန်းပြောနေရခြင်းက ကျွန်မရင်ဘတ်ကို လှိုင်းထစေသည်
"မသိဘူးဗျာ မမက သိပ်ကို တစ်ကိုယ်ကောင်းဆန်တယ်...."
ဘုရားရေ မောင့်အတွက် အလုပ်တွေကြိုးစားလုပ်နေတဲ့ ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်သတဲ့လား
"တနေ့တနေ့ ထွက်လိုက်တဲ့အပြင်တွေ နေ့လည်းမရှိ ညလည်း အိပ် မောင့်အတွက်ဘယ်မလဲအချိန်..."
"ဒါ ငါ့အလုပ်လေ မောင်....ငါဘာတွေလုပ်နေလဲနင်သိရက်နဲ့..."
"အဟင်း အဲ့တာကြောင့်မမကို ဒီတရားမဝင်အလုပ်တွေ မလုပ်နဲ့ပြောနေတာ..."
မောင်ဟာ ခပ်မဲ့မဲ့ပြုံးပြန်သည် ကျွန်မသိပ်စွဲလမ်းရတဲ့မောင့်နှုတ်ခမ်းတွေဟာ အခုတော့ ခါးနေသလို
"ဒါတွေငါမလုပ်ရင် ငါတို့လိုချင်တဲ့အနာဂတ်ဘယ်အမြန်ရောက်မလဲ...."
ကျွန်မအဆုံးသတ်မှာတော့ မောင့်ကို အော်ခဲ့သည်
"အဲ့တာဘဲ မမက ဖြတ်လမ်းနည်းကိုလိုက်နေတာ မောင့်အလုပ်ကိုအထင်သေးနေတာ မောင့်ဝင်ငွေကနည်းနေပေမဲ့ ဒါဟာကြီးပွါး...."
"တော်စမ်း မောင် နင့်လုပ်စာကို ငါစုဆောင်းနေရင် ငါတို့ဘယ်တော့မှနီးမှမဟုတ်ဘူး...."
အော်ဟစ်လိုက်မိတဲ့ကျွန်မစကားမှာ မောင်ဟာ ကျွန်မကို ခပ်စိမ်းစိမ်းကြည့်သည်
![](https://img.wattpad.com/cover/334085614-288-k934002.jpg)