Part 2
"ဧကရာဇ်..."
မဂ္ဂလှမ်းခေါ်လိုက်တော့ ဂျင်းဘောင်းဘီဒူးပြဲနဲ့ တီရှပ်အနက်ကိုဝတ်ထားတဲ့သူဟာ စီးကရက်အား တစ်ချက်ရှိုက်ပြီး မြေပေါ်ချကာ မီးငြိမ်းလေသည်
"ဆေးလိပ်တောင် အေးအေးမသောက်ရဘူး..."
"သခင်ကြီး ခေါ်တာကို အေးဆေး ဆေးလိပ်သောက်နေနိုင်တဲ့ မင်းကို ငါ လေးစားတာ"
"လေးစားရင် ဦးချလိုက်..."
မဂ္ဂကတော့ လောကကြီးကို ကန့်လန့်တိုက်နေတဲ့ သူ့ငယ်သူငယ်ချင်း ဧကရာဇ်အား ကြည့်ကာ ခေါင်းရမ်းမိသည်
သူတို့နှစ်ဦးအထဲကို ဝင်သွားပါတော့ ခေါင်းတစ်ခုလုံးဖြူနေတဲ့လူဟာ ဆိုဖာပေါ်တွင် ထိုင်ကာ မျက်စိမှိတ်နေသည်
"သခင်ကြီး..."
မဂ္ဂခေါ်လိုက်တာတော့ ပွင့်လာတဲ့ မျက်လုံးတွေဟာတော့ အသက်အရွယ်နဲ့မလိုက်အောင် အရှိန်အဝါကြီးလွန်းသည်
ဧကရာဇ်ကတော့ ဒူးနှံ့ကာ သခင်ကြီးအပေါ်မကြောက်ရွံ့ပါ
သူကြောက်တဲ့သူ ဒီကမ္ဘာမှာ မရှိဘူးလို့ မဂ္ဂထင်မိသည်
ထိုသို့ပြူမူနေတဲ့ ဧကရာဇ်ကိုလည်း သခင်ကြီးဟာ ဘာမှမပြောပါ
"သတ်ရတော့မယ်......"
မဂ္ဂသခင်ကြီးရဲ့စကားမှာ လေးနက်သွားခဲ့သလို ဧကရာဇ်ကလည်း ဒူးနှံ့နေတာရပ်တန့်သွားသည်
"ဘယ်သူ့ကိုလဲ သခင်ကြီး..."
"ဒီပါ...."
မဂ္ဂ သခင်ကြီးပါးစပ်မှ သူ့သူငယ်ချင်းနာမည်ကြားလိုက်ရ၍ လန့်သွားခဲ့သည်
"ဘာလို့လဲ..."
ဧကရာဇ်ရဲ့ တစ်ခွန်းတည်းသော အသံ
"သစ္စာဖောက်တွေက အသက်ရှင်ဖို့ ထိုက်တန်သလား ဧကရာဇ်....."
ဧကရာဇ် သခင်ကြီးစကားမှာ မျက်နှာလွဲကာ လက်သီးဆုပ်မိသည်
"ဟုတ်ကဲ့ပါ....သခင်ကြီး..."
..............................................................
ဧကရာဇ် သခင်ကြီးဆီက ထွက်လာတာနဲ့ သူ့ရဲ့ မော်တော်ဆိုင်ကယ် အနက်ရောင်အား ထုတ်ကာ အဝေးပြေးလမ်းမပေါ် တဟုန်ထိုးမောင်းလာခဲ့သည်
![](https://img.wattpad.com/cover/334085614-288-k934002.jpg)