"မ ကျွန်တော့်ကို......."
ထိုစဉ် သူမအိတ်ထဲက ဖုန်းက မြည်လာတာကြောင့် သူမက ကျွန်တော့်အား ခနလေးလို့ပြောကာ ဖုန်းလှည့်ပြောသည်
အင်း....အွန်းဆိုတာကလွဲရင် ကျွန်တော်နားမထောင်မိဘဲ မ ကိုကျွန်တော်privacy ပေးထားလိုက်သည်
"လာသွားမယ် မောင်...."
မိနစ်20လောက်ထိ ဖုန်းပြောပြီးမှ မက ကျွန်တော့်လက်မောင်းကို လာချိတ်သည်
"ရုပ်ရှင်ချိန်နောက်ကျတော့မယ်...."
မက ကျွန်တော့်ကို မျက်နှာဝင်းဝင်းလေးနဲ့မော့ကာပြောတော့ ကျွန်တော့်ရဲ့ငယ်ရွယ်တဲ့နှလုံးသားက တဒိန်းဒိန်းခုန်တယ်
ရုပ်ရှင်ရုံထဲရောက်တော့ ကလေးစိတ်ဖြစ်တဲ့ကျွန်တော်က ဝယ်လာတဲ့မုန့်တွေ တစ်ခုပြီး တစ်ခုဖောက်စားနေခဲ့သည်
ပြီးမှ တစ်ယောက်ယောက်ကြည့်နေသလိုဖြစ်နေတော့မှ ကျွန်တော်ကြည့်မိတာ မက ကျွန်တော့်ကို ပြုံးပြုံးလေးနဲ့ မေးထောက်ကြည့်နေခြင်းဖြစ်သည်
ပြီးတော့ ပြောသေးတယ် "တကယ် ကလေးလေးဘဲတဲ့လေ...."
ကျွန်တော့်မှာ ပါးတွေပူအောင်ရှက်သွားခဲ့တယ်
ရုပ်ရှင်က တဖြည်းဖြည်းတစ်ဝက်ရောက်လာပေမဲ့ ကျွန်တော်က ထိုင်ခုံကိုမှီပြီး ပေါက်ပေါက်ဆုပ်ကို တစိမ့်စိမ့်စားတုန်း
"မောင့်...."
မရဲ့ ခပ်ဆူဆူအသံကြောင့် ကျွန်တော်လည်း အူကြောင်ကြောင်ကြည့်မိလိုက်တယ်
"မောင် အတွဲခုံလာထိုင်တာ မုန့်စားဖို့လား."တဲ့လေ ကျွန်တော်တကယ်ကြောင်အသွားတယ်
မုန့်မစားရင်ဘာလုပ်ရမှာလဲပေါ့......
မက သူမဘာသာသူမပြောပြီး ရယ်နေပြန်တယ်
မှောင်နေတဲ့ ရုပ်ရှင်ရုံထဲ သူမမျက်နှာလေးက လှနေပြန်တယ်"မောင်...."
မက ကျွန်တော့်ကို ခပ်ညို့ညို့ခေါ်ပြီး ကျွန်တော့်လည်တိုင်တွေကို သူလက်တွေနဲ့ ရစ်ပတ်တယ်
ထို့နောက်မှာတော့ ကျွန်တော့်နှုတ်ခမ်းတွေနွေးသွားခဲ့သလို ကျွန်တော့် ကျောပြင်ကလည်း ထိုင်ခုံဘေးနံရံနဲ့ကပ်သွားသည်
![](https://img.wattpad.com/cover/334085614-288-k934002.jpg)