🍓Strawberries and cigarettes 🍓Part 2

821 22 1
                                    

🍓Strawberries and cigarettes 🍓Part 2

နောက်နှစ်လနေရင်ဘဲလက်ထပ်တော့မဲ့မိန်းမတစ်ယောက်က ကုတင်ပေါ်မှာ တခြားယောကျ်ားနဲ့နမ်းနေနိုင်တယ်တဲ့....

ခဗျားတို့ယုံမယုံတော့မသိဘူး
အဲ့မိန်းမမျိုးရှိပြီး သူမကတော့ မမပါဘဲ

သူမရဲ့ညီးညူသံလေးတွေနဲ့အတူ ကျွန်တော့်အကျီကြယ်သီးကိုဆွဲဖြုတ်နေတဲ့ လက်တွေ....

ကျွန်တော်ဖမ်းဆုပ်လိုက်တော့ သူမက ကျွန်တော့်ကို မျက်မှောင်ကြုံ့ကြည့်လာသည်

"မှားနေတယ် မမ..."

"အို...မင်းညိုရာ..."

မမရဲ့ခပ်ဆူဆူနှုတ်ခမ်းတွေကို ဒီတစ်ခါတော့ ကျွန်တော်ငြင်းဆိုခဲ့သည်

"ဒီမှာဘဲ ရပ်လိုက်တာကောင်းမယ်..."

ကျွန်တော်ထရပ်တော့ မမက ကျွန်တော့်ကို အနောက်မှ လှမ်းဖက်ကာ ကျောပြင်တွင် ပါးလေးအပ်ထားသည်

"မင်းအဆင်မပြေဘူးမလား မင်းညို မမ မင်းကို အဆင်ပြေအောင်လုပ်ပေးမယ်လေ.."

မမရဲ့လက်တွေဟာ ကျွန်တော့်အောက်ဘက်ကိုဆင်းလာတဲ့အခါ ကျွန်တော်ဖမ်းဆွဲလိုက်ပြီး ဆောင့်တွန်းလိုက်သည်

"မမ..."

ကျွန်တော့်စိတ်ထဲခါးသီးစွာနဲ့ လွန်ဆွဲနေသည်
ကုတင်ပေါ် ဖရိုဖရဲဖြစ်နေတဲ့ မမ ပုံလေးက ရမ္မက်တွေကို တောက်လောင်စေနိုင်သည်

"မင်းညို မင်းညို မင်းမမကို ဘယ်လိုမျက်လုံးတွေနဲ့ကြည့်နေလဲဆိုတာ မမသိတယ်..."

ကျွန်တော့်ရဲ့အတွေးတွေကို အမြဲထိုးဖောက်မြင်နိုင်တဲ့ မမက ဒီတစ်ခါမှာလည်း ပြောလာသည်

သူမက အကျီတွေကို အဆင်ပြေအောင်ပြန်ပြင်ဆင်ရင်းဘဲ ဆေးလိပ်ထုတ်ကာ သောက်လေသည်

"ဘယ်လိုလဲ မင်းညို မင်းရွံမှရွံသွားရဲ့လား...."

ကျွန်တော်ဟာ မမ အကြည့်တွေကို ရင်မဆိုင်ချင်စွာ မျက်နှာလွှဲတော့ မမက သူ့ဘေးနားပြန်ထိုင်ရန် ကျွန်တော့်လက်ကို ဆွဲချသည်

"မမစိတ်က ဘယ်လိုတောင် အဆင်ပြေနေတာလဲဗျာ မကြာခင်မှာဆို မမက မမက....."

Short stories ❤️Where stories live. Discover now