ခင် Part2

719 21 2
                                    


ခင် Part 2

"ကိုကို...."

နှင်းရဲ့နူးညံ့တဲ့အသံနုလေးဟာ ကျွန်တော့်ရဲ့နားသယ်စပ်ကို ဖျတ်တိုက်သွားတဲ့နောက် ကျွန်တော့်မျက်ဝန်းအိမ်တွေ ကျယ်သွားခဲ့သည်

"ကိုကို...."

နှင်းဟာ သူမရဲ့ နှုတ်ခမ်းပါးတွေနဲ့ ကျွန်တော့်လည်တိုင်ကို ထိတွေ့ခဲ့တဲ့အချိန်မှာတော့ ခင့်ရဲ့ စကားတွေကို ခပ်ရေးရေးကြားယောင်မိသည်

"တော်တော့ နှင်း..."

နှင်းဟာ သူမရဲ့ လျော့ရဲနေတဲ့ ဆံနွယ်တချို့ကို သပ်တင်ကာ ကျွန်တော့်ကိုနားမလည်နိုင်သလိုကြည့်သည်

"ဘာလို့လဲ ကိုကို..."

အမြဲလို ကျွန်တော့်စိတ်တွေကိုလွတ်လပ်စေတဲ့နှင်းရဲ့မျက်နှာလေးက အခုတော့ မကြည်လင်တော့ပါ

"ကိုယ် စိတ်မပါလို့နှင်း ဒီည တိုက်ခန်းဘဲ ပြန်တော့မယ်"

နှင်းဟာ ဘာမှမပြောပါ ကျွန်တော့်စကားကို တစ်ခွန်းဆိုတစ်ခွန်းနားထောင်တဲ့နှင်းဟာ ပြန်ခွင့်ပြုလေသည်

ဒီလိုကျတော့ ကျွန်တော် စကားတစ်ခွန်းဆို တစ်ခွန်း အလိမ္မာနည်းနဲ့ပြန်ပြန်ပြောတဲ့ ခင့်ကို သတိရပြန်သည်

ပြီးကျရင် ခင်က ပြောဦးမယ်
"ရှင်ရှုံးပြန်ပြီ ကိုကိုမောင်"ဆိုပြီးတော့လေ.....

ကိုကိုလို့ အဖျားဆွတ်ခေါ်သံထက် ကိုကိုမောင်လ်ု့ အပြည့်စုံခေါ်တဲ့ နာမည်ကို ကျွန်တော် ပြန်တမ်းတလို့လာသည်

လမ်းမီးတိုင်အောက်က ကျွန်တော့်အရိပ်က မင်း ခင့်ကို လွမ်းနေပြီမလားလို့ လှောင်ရီနေသလို.....

'ဟုတ်ပါတယ် ခင်ရယ် ခင်ပြောသလိုဘဲ အဲ့မိန်းကလေးဆီမှာ ကိုယ်ပျော်လည်း ခဏပေါ့....'

အမြဲလိုမှတ်မိနေတဲ့လမ်းကြားထဲ ကျွန်တော့်ရဲ့ခေတ်ဟောင်းကားလေး ချိုးကွေ့မိတော့ တစ်ထပ်တိုက်အိမ်ပုလေးက မီးလင်းနေဆဲပင်......

၃လတာ မတွေ့ရတဲ့ရီးစားဟောင်းအိမ်ရှေ့ရပ်နေရတဲ့ ခံစားချက်ဟာ ကျွန်တော့်နှလုံးသားကို တဖျတ်ဖျတ်လှုပ်ခါစေသည်

Short stories ❤️حيث تعيش القصص. اكتشف الآن