🍓Strawberries and cigarettes 🍓Part 1

1.4K 17 0
                                    

🍓Strawberries and Cigarettes 🍓Part 1(ဝတ္ထုတို)

ကျွန်တော့်နှုတ်ခမ်းက ဆေးလိပ်က ခပ်သွယ်သွယ်လက်လေးတွေရဲ့ ယူဆောင်သွားခြင်းကို ခံရတယ်

ကျွန်တော်ဂရုမစိုက်ပါဘူး နောက်တစ်လိပ်ထပ်ထုတ်တယ် မီးညှိဖို့ လုပ်တယ်

ကျွန်တော့်ဆေးလိပ်က ခပ်သွယ်သွယ်လက်တွေရဲ့ ပုတ်ချခြင်းကို ခံရပြန်တာဘဲ

"ကျစ်...."

ကျွန်တော်ဟာ စိတ်တိုစွာနဲ့ နောက်တစ်လိပ်ထပ်ထုတ်တယ်

ဒီတစ်ခါမှာတော့ ထိုလက်သွယ်လေးတွေက ကျွန်တော့်ဆေးလိပ်အပြစ်မီးခြစ်ကိုပါ သိမ်းယူသွားတယ်

"ခြစ် ခြစ်..."

တောက်ခနဲ ထတောက်တဲ့ မီးတောက်က ဆေးလိပ်ကို မီးစွဲစေတယ်

ကျွန်တော့်နှုတ်ခမ်းက ဆေးလိပ်ကတော့ မမရဲ့ နှုတ်ခမ်းထပ်မှာ အသုံးတော်ခံနေပြီ

မမက ဆေးလိပ်ဖွာရင်း ကျွန်တော့်ကို မျက်ခုံးပင့်ပြတယ်

"မမရာ..."

ကျွန်တော့်ရဲ့ညစ်ညူးသံမှာ မမက ပြုံးတယ်

ဟုတ်တယ် မမက အဲ့လိုမိန်းမစားမျိုး.....
တားလို့မရရင် သူမက ဦးဆောင်ပြီး လုပ်လိုက်တာမျိုး......

"ဆေးလိပ်တွေ လျှော့သောက်လို့ မမပြောထားသားဘဲ မင်းညို...."

"မမကရော ဘာထူးလဲ"

"အိုးး တို့က ရေလိုဆေးလိုဖြစ်နေပြီ မင်းညို မင်းနဲ့တော့မတူဘူး...."

မမရဲ့ မျက်ဝန်းတွေက တစ်နေရာကို ငေးစိုက်ကြည့်နေသည်

"မမကို မုန်းတယ်...."

ကျွန်တော့်ရဲ့စကားမှာ ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းလေးတွေက ဝေ့ကြည့်လာတယ်

"မုန်းပေါ့ မင်းညို မမက မင်းကို ချစ်တယ်...."

မမစကားမှာ ကျွန်တော်ခပ်ဟဟရယ်မိတယ်

"ဒီစကားကို နောက်၃လနေရင်လက်ထပ်မဲ့ခဗျား ဘဲကြီးကြားစေချင်သား...."

ကျွန်တော့်ရဲ့ခပ်မဲ့မဲ့အပြောကိုမမက ဖြုံမသွားဘဲ မေးထောက်၍ပင် ကျွန်တော့်ကို ပြုံးကြည့်နေသည်

Short stories ❤️Hikayelerin yaşadığı yer. Şimdi keşfedin