မခင်မိုးမြင့် Part 2(end)

496 9 0
                                    

မခင်မိုးမြင့် Part 2(end)

"လက်ထပ်တော့မယ်တဲ့လား......"

ကြေညာကြောင်းသတင်းစာဟာ သူမအတွက်တော့ အသဲခွဲစာဖြစ်နေသည်

မောင်ဟာ သူမလို မရဲရင့်တဲ့မိန်းမထက် ရဲရင့်တဲ့ယောကျ်ားသားတစ်ယောက်ကို ရွေးချယ်သွားလေသည်

တစ်သက်တာလုံးစိတ်ထိန်းခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေဟာ မိန်းမသားတစ်ယောက်ဖြစ်တဲ့ မောင့်အပေါ်မှ ယိုဖိတ်ကျမိသည်

"မမ အားလား....."

ထိုစဉ် ညီမငယ်က အခန်းထဲဝင်လာတာကြောင့် စာကြည့် မျက်မှန်အောက်က မျက်ရည်စ တချို့ကို ခိုးကာ သုတ်ရသည်

"အေးပြောလေ....."

ညီမငယ်က သူမကို ပြုံး၍ ကြည့်ကာ နောက်မှ ဖွက်ထားတဲ့ တစ်စုံတစ်ခုအား ထုတ်ကာ ပြသည်

"ဒါက......"

"မင်္ဂလာဆောင် ဖိတ်စာလေ ဖြိုးသန့်က ညီမ သူငယ်ချင်း........"

သူမ မင်္ဂလာသတို့သားနဲ့ သတို့သမီးရဲ့ နာမည်အား ကြည့်ရင်း လက်တွေမတုန်အောင်ထိန်းချုပ်နေရသည်

လောကကြီးများ ကျဉ်းကျဉ်းလေးဆိုတာ အမှန်ပင် အခု မောင့်ရဲ့ ခင်ပွန်းလောင်းဟာ သူမညီမရဲ့ သူငယ်ချင်းတဲ့လား

"အဲ့တာ နောက်အပတ် စနေလေ ညီမရော အငယ်မရော သွားကြမှာ မမရော လိုက်ခဲ့နော် လိုက်မယ်မလား....."

သူမထိန်းချုပ်ထားတာတွေ ပြိုကွဲမသွားခင် ခေါင်းငြိမ့်ကာ ဖိတ်စာအား ပြန်ပေးလိုက်သည်

နောက်ပြီး ညီမငယ်ထွက်သွားတော့မှ ထိန်းထားတဲ့ မျက်ရည်တွေကို ကျဆင်းခွင့်ပြုလိုက်တော့ အမြင်အာရုံတွေပင် ဝေဝါးကုန်လေသည်

တစ်နှစ်ကျော်သော အချိန်ကာလလေးနဲ့တင် လူတစ်ယောက်ကို တစ်ဘဝစာ ချစ်ခင်စုံမက်သွားတယ်ဆိုတာ သူမအစက မယုံခဲ့ဘူး

သို့ပေမဲ့ ယခုတော့ မောင်ဟာ သူမအတွက် သက်သေပြသွားသည်

အချစ်တွေက စစ်မှန်ခဲ့ရင်ဖျောက်ဖျတ်ဖို့ ခက်တယ်တဲ့လေ......

သူမအတွက် မောင့်အပေါ် ထားတဲ့ အချစ်တွေဟာ စစ်မှန်တာထက်ကို ပိုနေခဲ့လို့ ထင်သည် ရင်ဘတ်တွေနာနေတာများ ဓားနဲ့အကြိမ်ကြိမ် လှီးဖြတ်နေသလိုပင်

Short stories ❤️Where stories live. Discover now