ကျွန်တော်နှင့်အဲလီယာ End

2.8K 93 0
                                    

ကျွန်တော်နှင့်အဲလီယာ End

"အဲလီယာ သတိထားးး"
ချွေးစေးတစ်ချို့နဲ့အတူ သူဟာ နိုးထလာခဲ့ရတယ်

တောင့်တင်းခိုင်မာကာယောကျ်ားပီသသော နေသန့်ကိုယ်ပေါ်ကို ရေများက ခပ်ဖွဲဖွဲကျဆင်းလာတယ်
ရေငွေ့များထနေပုံဟာ နတ်သားတစ်ပါးရဲ့ အရှက်ကိုလုံအောင်ဖုံးပေးနေသလိုပါဘဲ

မာတီနီ တစ်ခွက်ရယ် ဆေးလိပ်တစ်လိပ်ရယ် ပီးတော့ အတွေးထဲမှာအဲလီယာရယ်

"နေသန် ကျွန်မ....."
တကယ်ဘဲ အဲလီယာဘာများပြောချင်ခဲ့တာလဲ

၂၃ထပ်ကနေ လှမ်းမြင်နေရတဲ့ ညမြင်ကွင်းကိုကြည့်ရင်းမျက်ခုံးတွေတွန့်ချိုးသွားရတယ်

ဟုတ်တယ် သူဟာ လူချမ်းသာတစ်ယောက်
နေသန်ဟာ သူ့ရဲ့သဘောကျတဲ့ဝါသနာကိုလုပ်ဖို့ ဖန်တီးထားတဲ့ဘဝတစ်ခု

သူ့နာမည်အပြည့်အစုံကတော့ နေသန်ဟိုက်လို ဘယ်သူထင်မလဲ ဟိုက်လိုရဲ့ ဆက်ခံသူဟာ အညာတရ ညဘားဆိုင်မှာ သီချင်းဆိုbandလေးတစ်ခုထောင်ထားမယ်လို့

နေရာတကာမှာ ဟိုက်လိုgroupရဲ့လွှမ်းမိုးမှုမပါဘဲ ရှိနေတာ ဘာမှမရှိ
ဟိုက်လိုရဲ့ စီးပွါးရေးနတ်ဘုရားသဖွယ် ပုံးကွယ်နေတဲ့ငယ်ရွယ်တဲ့ဦးဆောင်သူဟာ နေသန်ဟိုက်လို

၄နှစ်ရှိခဲ့ပီ အဲလီယာကို နှိပ်စက်ကာ စီးပွါးရေးပဏာလိုဆက်မဲ့ သူမသွေးရင်းချာမဟုတ်သည့် မိသားစုကိုလည်းနင်းခြေခဲ့ပီ

သူမကရော ခုဘယ်မှာလဲ တမင်ပုန်းနေသူက တကယ်ရှာမတွေ့ပါ

...................................
"ရပ်စမ်း"

"ဘော့စ်"

"ငါပြောနေတယ် ရပ်"

နေသန် သူ့ရဲ့ ခပ်ချာချာ အတွင်းရေးမှူးကို လမ်းဘေးထားခဲ့ပီး သူကိုယ်တိုင် မောင်းထွက်လာခဲ့တယ်

လူနေခြောက်ကပ်တဲ့ တိုက်ခန်းတစ်ခုရှေ့ တန်ဖိုးကြီးကားကြီးဟာ ရပ်သွားခဲ့တယ်

ခပ်မှောင်မှောင် တိုက်ခန်းလှေကားအတက်ဟာ မသန့်ရှင်းမှုကြောင့် အောက်သိုးသိုးအနံ့တစ်ချို့လှောင်နေတယ်

ဖုန်တက်နေတဲ့ ခြေသုတ်ခုံကိုလှန်လိုက်တော့ သော့လေးနှစ်တွဲ

Short stories ❤️Where stories live. Discover now