Part 1
အဲ့နေ့က တိမ်တွေငိုနေခဲ့တယ်
သူမမြင်ကွင်းထဲမှာမြင်မိတာက အနက်ရောင် ရှူးဖိနပ်တစ်စုံ အနက်ရောင် အနောက်တိုင်းဝတ်စုံနဲ့ သန်မာတဲ့ လက်ဖမိုးက သွေးကြောတွေ......။အနက်ရောင်ထီးတစ်လက်အောက်က အေးစက်တဲ့ မျက်နှာ.......
"ဧကရာဇ်..."
ထိုလူဟာ သူမကို မြှားတစ်စင်းလို စူးရှတဲ့ မျက်ဝန်းတွေနဲ့ကြည့်လာတယ်
"ဦးဧကရာဇ်...."
အဲ့တော့မှ သူဟာ သူ့ရဲ့ ကိုင်ထားတဲ့ ဓားမြှောင်ကိုချလိုက်တယ်
"ရာရာ မဆိုးနဲ့..."
တီရာ နှာခေါင်း ရှုံ့လိုက်ပြီး အရှုံးသမား တစ်ယောက်ကို လည်လှီးသတ်ရန်ပြင်နေတဲ့ သူမလက်တွေကို ရုတ်လိုက်တယ်
"ရာရာ့ကို လူသတ်နည်းတွေသင်ပေးပြီး ဘာလို့ လူကျမသတ်ခိုင်းတာလဲ"
သူမ ဦးဧကရာဇ်ရဲ့ ပေါင်ပေါ်ထိုင်ရန် ပြင်တော့ အေးစက်စက်ဓားသွားဟာ သူမဗိုက်ကို လာထောက်သည်
"ပေါင်ပေါ် လာမထိုင်နဲ့တော့လို့ပြောထားတယ်လေ"
"ဦးဧကရာဇ်ဘဲ ရာရာ့ကို ကလေးလို့ ပြောထားတယ်မလား အဲ့တော့ ရာရာ ငယ်ငယ်ကလို ထိုင်မှာဘဲ..."
ဧကရာဇ် သူ့မျက်စိရှေ့ကြီးပြင်းလာတဲ့ ကလေးမလေးအား မျက်နှာလွှဲကာ မတ်တပ်ထရပ်လိုက်သည်
ရာရာကတော့ ခိုးကာရယ်နေသည်
"ရာရာ ဒီတစ်ခါ mission ကိုလိုက်မှာ"
"ရာရာ..."
"ဦးဧကရာဇ်မတားနဲ့ "
"မလိုက်ရဘူး"
ရာရာ နှုတ်ခမ်းဆူကာ ခြေဆောင့်ပြီး အခန်းအပြင်ထွက်သွားတော့သည်
"သွေးသစ် ဒီအရှုပ်တွေရှင်းလိုက်"
ဧကရာဇ် သူစစ်မေးနေတုန်း ရာရာက အတင်းဝင်လာကာ သူ့အာရုံတွေ သူမဆီမရှိတာ ဒီလူကြောင့်ဆိုပြီး အဲ့လူကို လည်လှီးသတ်ရန်လုပ်ခဲ့တာဖြစ်သည်
'ရာရာက အလိုလိုက်မှန်းသိတော့ သိပ်ဆိုးသည်'
..........................................................
ဧကရာဇ် အခန်းထဲဝင်လာလိုက်ကာ နက်ခ်တိုင်အား ချွတ်နေမိပြီးမှ သူ ရပ်တန့်သွားရသည်