1ခု

2.4K 101 5
                                    


(1ခု)
Uni

1960ပြည့်နှစ်ကျော်ခုနှစ်တွေမှာဗြိတိသျှလက်အောက်ခံဖြစ်ခဲ့တဲ့ဟောင်ကောင်ဟာအရှိန်အဟုန်ကောင်းစွာတိုးတက်ပြောင်းလဲလာခဲ့တယ်။အဆင့်မြင့်အဆောက်အအုံတွေဇိမ်ခံဟော်တယ်တွေနဲ့လျှပ်စစ်မီးကောင်းစွာရရှိခဲ့ပြီးကုန်သွယ်ရေးကအစအဖက်ဖက်ကပြည့်စုံခဲ့တယ်။လူချမ်းသာတို့နေရာဖြစ်တဲ့Victoria peakတောင်ကုန်းတွင်မိသားစုကြီးတွေရဲ့အိမ်တော်ကယခင်ကထက်အရေအတွက်ပိုးတိုးလာတယ်။

တောင်ကုန်းပော်ကနေကြည့်ရင်သိပ်လှတဲ့ဟောင်ကောင်ကျွန်းဆွယ်ကိုမြင်ရတာကခံစားချက်တစ်မျိုးပါပဲ။စည်ကားလှတဲ့ဟောင်ကောင်သင်္ဘေါဆိပ်ကိုလဲမြင်ရတယ်။Victoria peakကဟောင်ကောင်တစ်ခုလုံးကိုရင်သက်ရှုမောဖွယ်မြင်နိုင်တဲ့နေရာကောင်းပါပဲ..အားလုံးရဲ့အထွဋ်အထိပ်မှာရှိတယ်တောင်ကုန်းပေါ်မှာနေထိုင်တဲ့သူတွေကလဲအားလုံးထက်အမြင့်ဆုံးမှာရှိတတ်ကြတာခေတ်အဆက်ဆက်မပြောင်းလဲပါဘူး။

Victoria peakက1800ကျော်ခုနှစ်တွေတုန်းကတည်ဆောက်ခဲ့ပြီးVictoriaဘုရင်မကြီးကိုအစွဲပြုထားတာပဲ။ဒါကြောင့်တောင်ပေါ်ကမိသားစုတွေကလဲတော်ဝင်ဆန်စွာနေထိုင်ကြတာမဆန်းပါဘူး။

တောင်ထိပ်ပေါ်ကနေဟောင်ကောင်ရဲ့တောက်ပတဲ့နေ့ရက်တွေကိုမြင်ရတယ်။ထိုသို့တောက်ပတဲ့ဟောင်ကောင်နေ့ရက်တွေမှာအနောက်တိုင်းကဝင်ရောက်လာတဲ့ပညာတစ်ရပ်ဖြစ်တဲ့မျက်လှည့်ပညာကလဲအပါအဝင်ပါပဲ။

စိတ်ဝင်စားစရာပညာရပ်ကိုဟောင်ကောင်မြို့ရဲ့လမ်းတွေမှာအကျိုးအမြတ်ရသော်လည်ကောင်းအပျော်သဘောဖြင့်သာလည်ကောင်းပုံစံမျိုးစုံနဲ့ပြသကြတယ်။အချို့နာမည်ကြီးတွေကတော့ရုံပြပွဲတွေနဲ့အကျအနပါပဲ..မျက်လှည့်ကအနည်းငယ်မှော်ဆန်တာမလို့လူပေါင်းများစွာစိတ်ဝင်စားမှုကိုရရှိတယ်..

တောင်အောက်ကလူတွေကpeak tramနဲ့တောင်ထိပ်ကိုလာပြီးဟောင်ကောင်ကျွန်းဆွယ်ကိုစိတ်ဝင်တစားကြည့်ကြသလိုခမ်းနားစွာအရည်အချင်းဖော်ထုတ်ပြတဲ့မျက်လှည့်ပြပွဲတွေသာမကလမ်းဘေးအပျော်ပွဲတွေကိုပါစိတ်ဝင်တစားကြည့်ရူကြတယ်။ဒါဆိုဘယ်အရာကပိုပြီးစိတ်ဝင်စားဖို့ကောင်းလဲ...သူ့အတွက်ကတော့တောင်ထိပ်ကနေလှပလွန်းတဲ့ရှုခင်းကိုကြည့်ရတာထက်မှော်ဆန်တဲ့ပြကွက်တွေကိုကြည့်ရတာပိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်တယ်....

TRICK ✔Where stories live. Discover now