17ခု

423 61 2
                                    

17ခု
Uni

နာကျင်နေတဲ့ဒဏ်ရာတွေကြားကနေသူ့မျက်လုံးတွေဖွင့်လိုက်သည်။အသက်မရှင်ချင်တော့လောက်အောင်ခံစားရသည်။သံယောဇဥ်ဆိုတာဘာမှန်းမသိမေတ္တာတရားကဂျိုနဲ့လားလို့မေးယူရတဲ့သူ့ရဲ့ဘဝထဲရှောင်းကျန့်ရောက်လာတဲ့အချိန်ကစပြီးအရာရာပြောင်းလဲလာသည်။အေးစက်တဲ့သူကချစ်တတ်လာတယ်။ဘာကိုမှဂရုမစိုက်ပဲဝမ်းစာပြည့်ဖို့အတွက်ဘာမဆိုလုပ်တဲ့သူကရှောင်းကျန့်ကိုဂရုစိုက်တတ်လာတယ်။အရင်ကပုံစံအတိုင်းဆိုသူဒီလိုလူယုတ်မာတွေလက်ချက်နဲ့သေချင်သေသွားလောက်ပြီ

ယခုကသူမသေပဲအားတင်းထားခဲ့တာဇွဲမလျော့ပဲအသက်ရှင်အောင်ကြိုးစားနေခဲ့တာရှောင်းကျန့်ကြောင့်ပါပဲ။သူ့ရဲ့အသက်ရှင်ရာအကြောင်းပြချက်လေးဖြစ်တယ်။

သံတံခါးကြီးပွင့်သွားပြီးနောက်သူ့ဆီတဖြည်းဖြည်းလျောက်လာတဲ့လူကိုအာရုံစူးစိုက်ကြည့်လိုက်သည်။.ရှောင်းကျန့်...ရှောင်းကျန့်လား..သူအမြင်မှားနေတာများလား။သူ့ဆီလာနေတဲ့လူကရှောင်းကျန့်နဲ့တူတယ်။ဒါပေမဲ့အရှေ့ကိုရောက်တော့မျက်နှာကိုပုဝါအမည်းနဲ့စည်းထားပြီးမျက်လုံးတွေပဲဖော်ပြထားတာမလို့ရှောင်းကျန့်မဟုတ်ဘူးဆိုတာသိလိုက်သည်။

ဟက် စိတ်ကူးယဥ်မိနေတာပဲရှောင်းကျန့်ကသူ့ဆီဘာကိစ္စနဲ့လာမှာလဲဒါပေမဲ့မသေခင်အချိန်လေးတော့ရောက်လာမလားဆိုပြီးမျှော်နေမိတယ်.

ထိုလူကသူ့နားလျောက်လာပြီးဓားမြောင်တစ်ချောင်းထုတ်ကာသူ့ရဲ့ဘယ်ဘက်ရင်အုံကိုဖြေးဖြေးချင်းမွှန်းနေလေသည်။နာကျင်ပေမဲ့လဲတင်းခံထားလိုက်သည်။ကျဆင်းလာတဲ့သွေးတွေကိုပုလင်းတစ်ခုနဲ့ခံထားပြီးနောက်အဲ့ဒီလူကကျေနပ်နေသလိုပင်။ပြီးတော့သူ့မျက်နှာကိုလှောင်ရိပ်မျက်လုံးတွေနဲ့စိုက်ကြည့်နေတယ်။ဒီမျက်လုံးတွေကသူ့အတွက်ရင်းနှီးနေတယ်

"ဘယ်လိုလဲ အရမ်းနာကျင်နေပြီလား နာကျင်လွန်းလို့သေချင်လောက်ထတဲ့ထိဖြစ်နေပြီလား ဟမ့် မရှောင်းလင်မယားအသတ်ခံခဲ့ရတုန်းကလဲငါအဲ့ထက်တောင်ခံစားခဲ့ရတာ"

ရင်းနှီးတဲ့အသံကြောင့်သူမျက်ခုံးတွေတွန့်ချိုးလိုက်တယ်။တိုးဖျော့ညင်သာတဲ့အသံကဘယ်သူနဲ့မှမတူဘူး။နူးညံ့ပေမဲ့ရက်စက်ပြီးကြောက်ဖို့ကောင်းတာတွေပါဝင်နေတယ်...

TRICK ✔Wo Geschichten leben. Entdecke jetzt