5ခု

546 61 2
                                    

5ခုUni

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


5ခု
Uni

အချစ်နဲ့အမုန်းဒွန်တွဲလာရင်ဘယ်အရာကအနိုင်ရမလဲ?အမုန်းအင်အားကြီးရင်တော့ချစ်ခြင်းမေတ္တာကိုဖုံးလွှမ်းပြီးပေါက်ကွဲပွင့်လာလိမ့်မယ်ဒါပေမဲ့မသိစိတ်ရဲ့တစ်နေရာမှာတော့အချစ်ကတိတ်တဆိတ်အင်းအားကြီးထွားနေတတ်တယ်..

***

အဖြူရောင်အုတ်ဂူနှစ်လုံးရှေ့မှာရပ်ပြီးလေမတိုက်ပါပဲမျက်လုံးတွေကစပ်ဖျင်းဖျင်းဖြစ်လာသည်။အမွှေးတိုင်တွေကိုထွန်းညှိပြီးခါးကိုင်းလို့ဦးသုံးကြိမ်ချကာအုတ်ဂူတွေရှေ့ထွန်းလိုက်တယ်။ခပ်လှမ်းလှမ်းကသက်တော်စောင့်တွေကလက်ကိုနောက်ပစ်ပြီးနန်းတွင်းအစောင့်တွေလိုလှုပ်ရှားခြင်းမရှိရပ်နေကြတယ်။Boss Wangကဒီနေ့အနောက်ဘက်သိုလှောင်ရုံမှာပြသာနာတက်လို့ဆိုပြီးသူနဲ့အတူမလိုက်လာနိုင်ဘူး။

မျက်ခမ်းစပ်မှာတွဲလဲခိုနေတဲ့မျက်ရည်ဥတွေကိုလွတ်လပ်စွာကျဆင်းခွင့်ပေးလိုက်ပြီးအုတ်ဂူပေါ်ကသစ်ရွက်ခြောက်တွေကိုဖယ်ရှားပေးနေမိသည်။

."ပါး မား ကောင်းကောင်းအနားယူနေတယ်မလားဒီနှစ်တွေမှာကျွန်တော်ပစ်ထားခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်ကျွန်တော်သာကောင်းကောင်းစောင့်ရှောက်နိုင်ခဲ့ရင်ပါးနဲ့မားကထွက်သွားရမှာမဟုတ်ဘူး...​မတရားခံခဲ့ရတဲ့ပါးနဲ့မားအတွက်ကျွန်တော်ဘာမှလုပ်မပေးနိုင်ခဲ့ဘူး ကျွန်တော်ကတာဝန်မကျေတဲ့သားမိုက်တစ်ယောက်ပါ...ရန်သူတစ်ယောက်ဆီမှာနေရပြီးသူလက်ခုပ်ထဲကရေလိုသွန်လိုသွန်မှောက်လိုမှောက်နဲ့သူပြုသမျှနုနေရတဲ့ဘဝကြီးကိုမုန်းတယ်...တကယ်ဆိုပါးနဲ့မားအတွက်လက်စားချေရမှာမှန်ပေမဲ့ကျွန်တော်မတတ်နိုင်ခဲ့ဘူး ကျွန်တော်သူ့ကိုဘာမှမလုပ်နိုင်ခဲ့ဘူး...သားမိုက်ကိုခွင့်လွတ်ပေးပါ.."

TRICK ✔Where stories live. Discover now