15ခု

415 54 7
                                    

15ခု
Uni

Aceစံအိမ်ရဲ့ဂိတ်ငါးခုတွေ့ဆုံပွဲကစကားဝိုင်းခေါင်းစဥ်ကတော့မပြောင်းမလဲKowloonကိစ္စတွေပါပဲ။အမှောင်မြို့တော်ဖြစ်တဲ့Kowloonကတရားမဝင်အလုပ်တွေပျော်မွေ့ရာနေရာဖြစ်တာကြောင့်ဂိတ်ငါးခုရဲ့မျက်စိကျခြင်းကိုခံရတယ်။မရိုးနိုင်မအီနိုင်အငြင်းအခုံဖြစ်နေကြတဲ့အဘိုးကြီးတွေကိုကြည့်ပြီးဝမ်ရိပေါ်ကစိတ်ပျက်မိတယ်။ဒီနေ့ဒီနေရာမှာသူထိုင်နေရတဲ့အကြောင်းအရင်းကKowloonကိစ္စကြောင့်လဲမဟုတ်ဘူးအဘိုးကြီးတွေရဲ့ယုတ္တိမရှိတဲ့စကားတွေကိုနားထောင်ဖို့လဲမဟုတ်ဘူး။

ဝမ်ရိပေါ်ကခပ်လှမ်းလှမ်းမှာရပ်နေတဲ့ဖန်းဟုန်စီကိုလှမ်းကြည့်လိုက်တယ်။သူဒီနေရာမှာထိုင်နေတာဖန်းဟုန်စီကြောင့်ပဲ။အားလိန်ပြောပြချက်တွေကိုနားထောင်ပြီးဖြစ်နိုင်ခြေရှိတာကိုတွေးမိတော့သူဖန်းဟုန်စီကိုတဲ့တိုးမေးဖို့လိုအပ်သည်။စိတ်ဝင်စားဖို့မကောင်းတဲ့စကားဝိုင်းကိုထားခဲ့ပြီးနှုတ်ဆတ်ကာထိုနေရာကထလာတော့ကျန်တဲ့လေးယောက်ကဆွံအစွာကြည့်နေကြတယ်။

"သခင်ကြီးဝမ်ဆွေးနွေးမှုမပြီးပဲထွက်သွားတာဒါဘယ်လိုရိုင်းပျမှုမျိုးလဲ"

အနောက်ပါးကသခင်ကြီးဖန်းရဲ့စကားကြောင့်သူ့ခြေလှမ်းတွေရပ်လိုက်ပြီးမဲ့ပြုံးတစ်ခုဆင်မြန်းကာနောက်လှည့်ကြည့်လိုက်သည်။သူ့ကိုဆိုအမြဲတမ်းအပစ်မရှိအပစ်ရှာအပုတ်ချပြောဆိုချင်နေတဲ့လူကလူကြီးလူကောင်းအရေခွံခြုံပြီးဆုံးမသြဝါဒခြွေချင်နေတာလား။

"ရိုင်းပျတာမဟုတ်ပါဘူးသခင်ကြီးဖန်း .စကားဝိုင်းကစိတ်ဝင်စားဖို့မကောင်းလို့ပျင်းလာတာပါ "

"ဘာ ဒီဆွေးနွေးပွဲကိုမင်းအပျင်းပြေဖို့လုပ်တယ်များထင်နေတာလားဝမ်ရိပေါ်ဒီထဲမှာမင်းကအသက်ငယ်ဆုံးပါလူကြီးသူမတွေကိုရိုသေသင့်တယ်မထီမဲ့မြင်ပုံစံနဲ့လာမလုပ်နဲ့ကွ!!. "

ဖန်းဆောင်စီကဒေါသတကြီးပြောတော့သည်။ဝမ်ရိပေါ်ကအံ့သြသလိုလှောင်ပြောင်ပြီးအမူအယာလုပ်ပြတယ်။သူ့စကားလေးတစ်ခွန်းကသခင်ကြီးဖန်းရဲ့ဒေါသကိုအဲ့လောက်တောင်ဆွပေးလိုက်မိတာလား။အိုး..ဟုတ်သားပဲဒီမြေခွေးအိုကြီးကသူ့ကိုအစထဲကမျက်စိနောက်နေတာပဲ။

TRICK ✔Where stories live. Discover now