9ခု

476 53 3
                                    


9ခု
Uni

အနောက်ဘက်လမ်းကြားကကျဥ်းမြောင်းတဲ့လမ်းနဲ့ပိတ်ကျပ်နေတဲ့တိုက်ခန်းတွေကအသက်တောင်ရူမဝချင်ပါ။အိမ်ရှေ့ထွက်ပြီးလျှော်ဖွတ်ထားတဲ့အဝတ်တွေကိုခါပြီးချိတ်နဲ့လှန်း​လိုက်သည်။မိုးမရွာခင်လေးရာသီဥတုသာယာနေချိန်အဝတ်တွေမြန်မြန်ခြောက်မှဖြစ်မည်။မဟုတ်ရင်ဝတ်စရာရှိမှာမဟုတ်တော့ဘူး

အဝတ်တွေလှန်းပြီးတော့အိမ်ထဲပြန်ဝင်လာကာမီးဖိုခန်းကိုဦးတည်လိုက်တယ်။မနေ့ကကျန်တဲ့ထမင်းကြမ်းခဲနဲ့အရွက်စုံကြော်ကိုရောနယ်ကာပန်ကန်စင်အောက်ကပန်ကန်လုံးထဲထည့်လိုက်တယ်။သူထည့်ပြီးသည်နှင့်အဝမှာရှိနေတဲ့ခွေးလေးကပြေးဝင်လာပြီးပန်ကန်ထဲခေါင်းဝင်တိုးကာအားရပါးရစားတော့သည်။အရွက်ကြော်ကိုတော့JJကသိပ်မစားဘူး

အိမ်ကလူတွေတစ်ယောက်မှမနိုးသေးတာမလို့နိုးတာနဲ့နံနက်စာစားရအောင်အဆင်သင့်ပြင်ပေးထားရမည်။ကြက်ဥငါးလုံးကိုဖောက်ပြီးထမင်းကြမ်းနဲ့ကြော်လိုက်သည်။ဆားနဲ့သကြားအနည်းငယ်ဖြူးထည့်မွှေပြီးခပ်နွမ်းနွမ်းဖြစ်နေတဲ့မုန်လာဥနီးကိုပါးပါးလှီးကာထည့်လိုက်တယ်။

ခဏကြာတော့မွှေးလွန်းပြီးအရသာရှိတဲ့ကြက်ဥထမင်းကြော်ကိုရရှိသွားသည်။ပန်ကန်ပြား၃ပြားထဲညီတူညီမျှထည့်ပြီးစားပွဲပေါ်တင်ထားလိုက်သည်။အားလုံးပြီးစီးသွားတော့ကျေနပ်စွာပြုံးကာအိပ်နေတဲ့လူတွေကိုနှိုးဖို့မီးဖိုခန်းထဲကထွက်ဖို့လုပ်သည်။

"အာ..မွှေးလိုက်တာ..ဘာတွေချက်နေတာလဲ"

"ကြက်ဥထမင်းကြော်လေ..အားလုံးပြီးသွားပြီလာစားလို့ရပြီး Lao Wangရောမနိုးသေးဘူးလား"

"နိုးပြီး မျက်နှာသစ်ပြီးထွက်လာလိမ့်မယ်"

တာ့ဟုန်ကထမင်းဝိုင်းကိုလျောက်လာပြီးထမင်းပန်ကန်ကိုကြည့်ကာသူ့ဗိုက်သူပွတ်သပ်နေသည်။ပြီးတော့ခုံမှာဝင်ထိုင်ပြီးနှိုက်စားမယ်လုပ်တော့သူ့လက်ကရိုက်ပုတ်ခြင်းခံလိုက်ရတယ်။ရိုက်လိုက်တဲ့သူကိုပြူးကြောင်ကြောင်မော့ကြည့်တော့မျက်စောင်းလေးတစ်ချက်ကိုခံယူလိုက်ရတယ်။

TRICK ✔Where stories live. Discover now