12ခု

441 58 8
                                    

12ခု
Uni

1941 ဟောင်ကောင်စစ်ပွဲကာလ

ဂျပန်တွေရဲ့ဗုံးခွဲမှုတွေကြောင့်ဟောင်ကောင်ဟာအသက်အိုအိမ်ပေါင်းများစွာပျက်စီးဆုံးရှူံးရသည်။နေရာတိုင်းယမ်းငွေ့တလူလူနှင့်လူတို့ဒုက္ခရောက်ရတယ်။စစ်ပွဲကြီးကိုငြိမ်သက်စေချင်တဲ့ဆုတောင်းသံတွေကိုကြားရတယ်။

သာမန်ပြည်သူတို့စားဝတ်နေရေးအတွက်အသက်လုရုန်းကန်နေရသော်လဲVictoria တောင်ကုန်းပေါ်ကလူချမ်းသာတွေကတော့အေးဆေးနေနိုင်မြဲပါပဲ။ဗြိတိသျှလက်အောက်ရောက်နေတုန်းကလဲကောင်းစားခဲ့ကြတာဂျပန်တို့သိမ်းတဲ့ထိလဲထိုအတိုင်းပါပဲ။စစ်ပွဲကာလအတွင်းသာမန်လူတန်းစားတွေပြေးလွှားပြီးထမင်းတစ်နှပ်စားရဖို့အရေးသွေးနဲ့ချွေးရင်းရှာရပေမဲ့တောင်ထိပ်ကလူတွေကတော့ထူထပ်တဲ့မွေ့ယာက နေမြင့်မှထပြီးဘုရင့်စားပွဲတော်တွေလိုအဆင်သင့်စားရုံပဲ။

အနောက်ဘက်လမ်းကြားမှာပြေးလွှားနေတဲ့၇နှစ်အရွယ်ကလေးငယ်ဟာဖက်ထုပ်ကိုလက်ထဲတင်းတင်းပိုက်ကာသူ့နောက်ပြေးလိုက်လာတဲ့လူတွေကိုရှောင်လွှားနေလေသည်။မိလို့မဖြစ်ဘူးမိရင်သူအသက်မရှင်နိုင်ဘူးဆိုတဲ့အသိကခေါင်းထဲစွဲနေတယ်။

"ဟေ့ကောင်မင်းမပြေးနဲ့သူခိုး!!လိုက်ကြစမ်းမြန်မြန်"

ကလေးတစ်ယောက်ရဲ့အားကလူကြီးတွေနဲ့မယှဥ်နိုင်ပါဘူး။ခဏလေးဖမ်းမိပြီးရိုက်နှက်တာခံရသည်။လူကြီးသုံးယောက်က၇နှစ်အရွယ်ကလေးကိုအသေအကြေထုရိုက်နေကြတာမြင်ကွင်းကောင်းမဟုတ်ပါဘူး။ကလေးငယ်ဟာမြေပြင်ပေါ်ကွေးကွေးလေးလဲနေပြီးဖက်ထုပ်ကိုတင်းတင်းဆုပ်ထားကာလွှတ်ထွက်သွားမှာစိုးနေသည်။ခြေထောက်တွေနဲ့ပြင်းပြင်းထန်ထန်ကန်ကျောက်နေကြတာမလို့အရမ်းနာကျင်ပါသည်။

"သေစမ်းသူခိုး..သေစမ်း.သေစမ်း"

အရမ်းနာတာမလို့ငိုချင်သည်။ဒါပေမဲ့လဲသူမငိုပါဘူးဒီလိုမျိုးကသူ့အတွက်ရိုးနေပြီမလို့ခန္ဓာကိုယ်မှာအရွယ်နဲ့မလိုက်အောင်ဒဏ်ရာတွေကများလွန်းနေပြီး။ထပ်ရလဲဘာမှမထူးခြားဘူး။

"ဦးလေးကြီးတို့ရပ်လိုက်တော့!!!"

အသံသေးသေးနဲ့ခပ်စူးစူးအသံကြောင့်ကန်ကျောက်နေရာကနေရပ်လိုက်ကြသည်။ထိုလူတွေရပ်လိုက်မှနာကျင်တာသက်သာသွားပေမဲ့သူမလှုပ်နိုင်တော့ပါ။အသံလာရာကြည့်မိတော့ကောင်လေးတစ်ယောက်နဲ့ထိုကောင်လေးထက်နဲနဲကြီးမဲ့ကောင်မလေးတစ်ယောက်ပင်။

TRICK ✔Where stories live. Discover now