7ခု

467 59 3
                                    

7ခု
Uni

"ငါဒီညမင်းနဲ့အတူလိုက်ခဲ့မယ်"

ဆေးလိပ်ကိုမီးညှိပေးရင်းပြောလာတဲ့ရှောင်းကျန့်စကားကြောင့်သူ့မျက်ခုံတွေအချင်းချင်းထိလုနီးပါတွန့်ကွေးသွားတယ်။ခံစားချက်မဲ့နေသလိုမျက်နှာသေနဲ့ရှောင်းကျန့်ကိုတစ်ချက်ကြည့်ပြီးသူ့ဘေးကလွတ်နေတဲ့ကုတင်နေရာကိုပုတ်ပြလိုက်တော့မတ်တပ်ရပ်နေရာကနေဝင်ထိုင်လာသည်။

"ငါ့ကိုမင်းနဲ့လိုက်ခွင့်ပေး"

"မရဘူး"

"ဒါဆိုမင်းတို့နှစ်ယောက်ထဲမသွားဘဲကိုယ်ရံတော်တစ်ချို့ခေါ်သွား"

"ရှောင်းကျန့်..ခုအလုပ်ကလျို့ဝှက်ပြီးလူမသိအောင်လုပ်ရမှာလူများရင်လှုပ်ရှားဖို့မလွယ်ဘူးဝန်ထုတ်ဝန်ပိုးဖြစ်တယ်ငါနဲ့Jacksonနှစ်ယောက်ပဲသွားမယ်"

"ကျစ်..ဒါပေမဲ့အန္တရာယ်များတယ်မင်းကိုယ့်ကိုကိုယ်အထင်မကြီးနဲ့နည်းနည်းလေးလွဲချော်သွားတာနဲ့ပြန်လမ်းမဲ့ဖြစ်သွားမယ် သိရဲ့လား"

မျက်မှောင်းကြီးကုပ်ပြီးသူ့လက်မောင်းကိုဆွဲယမ်းကာဆူပူနေတော့ဝမ်ရိပေါ်ပြုံးတုံ့တုံ့စိုက်ကြည့်နေလိုက်သည်။သတိထားမိသွားတဲ့ရှောင်းကျန့်ကလက်ကိုလွှတ်လိုက်ပြီးမျက်နှာလွဲထားလိုက်တယ်။

"ငါလိုက်ခဲ့မယ်"

"မရဘူး မင်းတစ်ခုခုဖြစ်မှာစိုးတယ်"

"မင်းကတော့အန္တရာယ်တောထဲခြေပစ်ဝင်မယ်ပေါ့!!ငါလိုက်ခဲ့မယ်...ငါ့ကိုခေါ်!"

"စိတ်ပူတာလား"

ဝမ်ရိပေါ်ကပြီတီတီရုပ်ကြီးနဲ့မေးတော့ရှောင်းကျန့်ကမျက်လုံးတည့်တည့်ကိုစိုက်ကြည့်လိုက်သည်။ထို့နောက်တွန့်ဆုတ်ခြင်းမရှိလေသံအေးအေးနဲ့ပြန်ဖြေလိုက်တယ်။

"ဟင့်အင်း...မင်းကိုငါ့လက်နဲ့သတ်မှာမလို့တစ်ခြားသူထိခွင့်မရှိဘူး...ငါပဲသတ်ခွင့်ရှိတယ်ငါ့လက်နဲ့ပဲသေရမှာ"

မျက်လုံးတွေကဘာခံစားချက်မှမရှိပေမဲ့ရင်ထဲမှာတော့နားကြည်းချက်နဲ့အမုန်းတရားလားမပြောတတ်တဲ့ခံစားချက်တစ်ချို့လှိုင်းထနေခဲ့သည်။7နှစ်ကျော်ပြီး..သူထွက်ပြေးချင်ရင်လွယ်ပါတယ်ချုပ်ချယ်တယ်ဆိုပေမဲ့တအားကြီးထိန်းချုပ်မထားတာမလို့သူထွက်ပြေးရင်အလွယ်တကူထွက်သွားလို့ရတယ်။ဒါပေမဲ့7နှစ်လုံးသည်းခံပြီးBoss Wangအနားနေခဲ့တာကရည်ရွယ်ချက်တစ်ခုထဲပါပဲ...လက်စားချေလိုစိတ်တွေကြောင့်..ဒါမှမဟုတ်ရင်သူမတွေးချင်တဲ့ခံစားချက်တစ်ချို့ကြောင့်ပင်။

TRICK ✔Where stories live. Discover now