10ခု

435 55 2
                                    

10ခု
Uni

လူစည်ကားထဲစျေးတန်းထဲညချိန်ရောက်သည်ထိလူများမပြတ်သေးပါဘူး။အငွေ့တထောင်းထောင်းနဲ့ပေါက်ဆီတွေရောင်းမကုန်တာကြောင့်စော်လျန်စိတ်ညစ်နေသည်။

တစ်နေ့တစ်နေ့ပေါက်ဆီတွေပဲထိုင်ရောင်းနေရတယ်အရင်းနဲ့အမြတ်ကိုကိုက်မိတယ်မရှိဘူးဒီကြားထဲဘာမှမဟုတ်တဲ့စျေးလေးကိုဆစ်နေကြသေးတယ်..

စော်လျန်ကပစ္စည်းတွေသိမ်းနေရင်းပွစိပွစိပြောနေလေသည်။

"ပေါက်ဆီသုံးလုံးပေး"

ရင်းနှီးတဲ့အသံလေးကြောင့်စော်လျန်ဆတ်ခနဲမော့ကြည့်လိုက်တယ်။မှုန်ကုတ်နေတဲ့မျက်နှာကချက်ချင်းဆိုသလိုမှိုရသလိုဖြစ်သွားသည်။ဒီနေ့ဘာလို့စိတ်မကြည့်ပဲဒေါသထွက်နေမိတာလဲလို့လက်စသတ်တော့မြင်ချင်နေတဲ့မျက်နှာလေးမမြင်ရသေးတာကို။

."နောက်ကျတယ်နော်ဘယ်လိုဖြစ်တာလဲ...မနက်အစောကြီးဝယ်နေကျကိုမိုးချုပ်မှရောက်လာတယ်..တို့ကမျော်နေတာ"

"".........."

"ထုံးစံအတိုင်းငါးလုံးထည့်ပေးလိုက်မယ်"

သစ်သားပေါင်းအိုးအဖုံးကိုဖွင့်ပြီးပူပူနွေးနွေးလတ်ဆတ်တဲ့ပေါက်ဆီတွေကိုအိပ်ထဲသွတ်ပေးလိုက်သည်။ကောင်ချောလေးကိုစေတနာပိုနေမိတာလေ

"ပေါက်ဆီနှစ်လုံးပေး"

အနက်ရောင်ဝတ်စုံနဲ့ခပ်ချောချောလူနှစ်ယောက်ကရောက်လာပြီးပေါက်ဆီမှာသည်။စော်လျန်ကရိပေါ်အတွက်အရင်ထည့်ပေးနေတယ်။ပေါက်ဆီသာထည့်ပေးနေတာမျက်လုံးတွေကရိပေါ်ဆီကမခွာတော့ပေါက်ဆီထည့်တဲ့လက်ကအပေါက်တွေတောင်လွဲကုန်တယ်။ရှက်ကိုးရှက်ကန်းနဲ့ခပ်မြန်မြန်လေးထည့်လိုက်တော့အိပ်တစ်လုံးပြည့်သွားသည်။ပြီတီတီရှက်ပြုံးကြီးနဲ့ကမ်းပေးတော့ကောင်ချောလေးကကြောင်တောင်ကြည့်နေတယ်။

"ယူလေဘာလဲကျွန်မကိုပါလိုချင်လို့လား"

"ကျွန်တော်မှာတာသုံးလုံးပဲခုခင်ဗျားပေးနေတာဆယ်လုံးကျော်လောက်ရှိတယ်"

"ဟင်"

အံသြသလိုအိပ်ကိုပြန်ကြည့်တော့ဟုတ်တာပေါ့ပေါက်ဆီတွေကအိပ်အမောက်ပြည့်လျံလို့..စေတနာသဒ္ဓါတရားတွေထက်သန်လွန်းသွားတာ။သွား၃၂ခေျာင်းလုံးပေါ်အောင်ဖြဲလိုက်ပြီးအိပ်ထဲကပေါက်ဆီတွေပြန်နှုတ်လိုက်သည်။ရိပေါ်စကားပြောလိုက်ထဲကဘေးကနှစ်ယောက်ကရိပေါ်ကိုမျက်လုံးတွေပြူးပြီးကြည့်နေကြတယ်။သူတို့ကိုကြည့်ရတာလျော့ရသွားသလိုပဲ။ပေါက်ဆီထုတ်ဆွဲပြီးပြန်ထွက်သွားတဲ့ထိကျောက်ရုပ်ကြီးတွေလိုကြည့်နေကြတုန်း

TRICK ✔Where stories live. Discover now