2ခု

834 72 4
                                    

2ခုUni

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


2ခု
Uni

နာကျင်နေတဲ့ခြေထောက်ကိုအံတုပြီးဘာမှမဖြစ်သလိုနှင့်ထိုင်ခုံမှာခပ်တည်တည်ပြန်ဝင်ထိုင်လိုက်သည်။ရှောင်းကျန့်ရဲ့ဆံပင်တွေနဲ့အင်္ကျီရင်ဘက်ကရေတွေအနည်းငယ်စိုထိုင်းနေတာကြောင့်ဝမ်ရိပေါ်ကအလိုမကျစွာကြည့်နေသည်။

"ဒါကဘယ်လိုပုံစံဖြစ်လာတာလဲ.

သြရှရှအသံကအေးစက်စက်နှင့်အာဏာသံအနည်းငယ်စွတ်နေသည်။ရှောင်းကျန့်ကဆံပင်စိုတွေကိုလက်ချောင်းတွေနဲ့ဖွပြီးပြုံးတုံ့တုံ့နှင့်

"ဘာမှမဖြစ်ပါဘူးရေသန့်စင်ရင်းခလုတ်ချော်ပြီးရေအားမထိန်းနိုင်ဖြစ်သွားတာ"

"ငါတာဝန်ရှိသူတွေနဲ့သွားတွေ့မယ်"

ထရပ်ဖို့လုပ်နေတဲ့ဝမ်ရိပေါ်ကိုရှောင်းကျန့်ကပြန်ဆွဲထားလိုက်တယ်

"သွားတွေ့စရာမလိုပါဘူးငါစိတ်အနှောင့်အယှက်မဖြစ်တာမလို့ထားလိုက်တော့"

ထစ်ခနဲဆိုသွေးအေးအေးနဲ့စိတ်ကြီးတဲ့Boss Wangကရှောင်းကျန့်နဲ့ပက်သက်လာရင်ဆိုင်သည်ဖြစ်စေမဆိုင်သည်ဖြစ်စေလိုက်ပတ်ရမ်းတတ်တယ်။ခေါင်းအေးအေးမစဥ်းစားနိုင်တော့ပဲရှောင်းကျန့်မျက်နှာတစ်ခုထဲကိုပဲတစိုက်မတ်မတ်ကြည့်နေတတ်သည်

"ရေစိုကြီးနဲ့နေတာမကောင်းဘူးအိမ်ပြန်မယ်"

"ဟင်..မျက်လှည့်မကြည့်တော့ဘူးလား"

"ဒီပုံစံနဲ့ကြည့်ချင်သေးတာလား ထ! ပြန်မယ်"

ရှောင်းကျန့်ကမထပဲပေကပ်ပြီးထိုင်နေတုန်း။မျက်လှည့်ပွဲကိုအရမ်းကြည့်ချင်နေတာကိုတစ်ခါမှမမြင်ဖူးမကြုံဖူးတာမလို့အရမ်းစိတ်ဝင်စားမိတာခုတော့ရှေ့ကလူကမျက်မှောင့်ကြီးတွန့်ပြီးအိမ်ပြန်အမိန့်ထုတ်နေပြီး။

TRICK ✔Where stories live. Discover now