8ခု

453 51 3
                                    

8ခု
Uni

နံရံထောင့်မှာအချိန်အတော်ကြာစောင့်ပြီးနောက်မှာBoss Wangနဲ့Jacksonဒီဘက်ကိုလျောက်လာတာတွေ့ရသည်။သွားပြောတဲ့Chuoကိုတော့မတွေ့တော့ဘူး။ရှောင်းကျန့်လက်သီးကိုတင်းတင်းဆုပ်ထားလိုက်သည်။

"ဝမ်ရိပေါ်ဦးနှောက်မရှိတဲ့ကောင်"

နှုတ်ကဆဲရေးလိုက်ပြီးအင်္ကျီအတွင်းအိပ်ထဲကသေနတ်ကိုထုတ်ပြီးအသင့်အနေအထားကိုင်ဆောင်ထားလိုက်သည်။ဝမ်ရိပေါ်နဲ့Jacksonကတော့အခန်းရှေ့ရပ်ပြီးတံခါးကိုသေနတ်နဲ့ချိန်ရွယ်ထားတယ်။သူတို့နှစ်ယောက်လုံးရဲ့လက်နှစ်ဖက်မှာသေနတ်တစ်လက်စီရှိကြသည်။Jacksonကတံခါးကိုခြေထောက်နဲ့ကန်ဖွင့်ပြီးအထဲကလူတွေကိုပစ်တော့တယ်။ရုတ်တရတ်အခြေအနေကြီးမှာတစ်ဖက်ကလဲအကာအကွယ်ယူကာခုခံတော့သည်။

ဒိုင်း!!ဒိုင်း!!!

ညံစီသွားတဲ့သေနတ်သံကြောင့်ထိုအနီးတဝိုက်ကလူတွေကဘယ်ကလာမှန်းမသိတဲ့အသံတွေကိုကြောက်လန့်ကာအော်ဟစ်ပြေးလွှားကုန်သည်။

ဝမ်ရိပေါ်ကိုပါးနပ်မယ်လို့ထင်ထားတာတကယ်တော့ငဒူပဲ။နှစ်ဖက်စလုံးအသေအကြေတိုက်ခိုက်တဲ့ပွဲမှာဘယ်သူနိုင်မလဲဆိုတာရှောင်းကျန့်ကအေးဆေးစောင့်ကြည့်လို့နေသည်။တစ်ဖက်ကအင်အားသာနေလို့အပေါ်စီးရနေတယ်။

"လူနှစ်ယောက်လေးနဲ့နိုင်မယ်လို့ထင်နေတာလား"

ရှောင်းကျန့်ကဝမ်ရိပေါ်ကိုအမျိုးမျိုးအပစ်တင်နေတော့သည်။

ဒိုင်း!!

ဒိုင်း!!

"Boss. .ကျွန်တော်တို့နှစ်ယောက်ထဲအဆင်မပြေဘူးChuoကိုဘာလို့ပြန်ခိုင်းတာလဲ"

အခန်းဝကနေတစ်ဖက်တစ်ချပ်စီမှာရပ်နေတဲ့ဝမ်ရိပေါ်နဲ့Jacksonကနီးနီးလေးရှိနေတာတောင်သေနတ်သံတွေကြောင့်အော်ဟစ်စကားပြောနေသည်။မသိရင်စစ်မြေပြင်ရောက်နေသလိုပဲ။ဝမ်ရိပေါ်ရဲ့လက်ချက်ကြောင့်အထဲကနိုင်ငံခြားသားနဲ့ဖန်းအိမ်တော်ကတစ်ယောက်လဲသွားသည်။

ဒိုင်း!!

"Boss!!!"

"ငါရတယ်"

လက်မောင်းကိုတစ်ချက်ရှပ်ထိသွားရုံပဲမလို့အဆင်ပြေကြောင်းပြောနေသည်။နံရံအကွယ်ကရှောင်းကျန့်ကထိုအရာကိုမြင်ပြီးအလောတကြီးရှေ့ထွက်ဖို့လုပ်ပေမဲ့ခြေလှမ်းကိုပြန်ရပ်လိုက်တယ်။

TRICK ✔Место, где живут истории. Откройте их для себя