Xiao and Feng

380 41 1
                                    

Uni

[ရှောင်းကျန့်နဲ့ဖန်းဟုန်စီတို့ရဲ့ငယ်ဘဝတစေ့​တစောင်းလေးကိုအကြမ်းဖျင်းရေးထားတာကိုသီးသန့်အပိုင်းခွဲထုတ်ထားတာပါမရှည်ပါဘူးနော်ဖတ်ပေးကြပါ ]

ရှောင်းယွီဖောင်နဲ့ကျူးမိန်ဟာမိဘမဲ့ကျောင်းမှာအတူကြီးပြင်းလာကြတဲ့တစ်ကောင်ကြွက်တွေဖြစ်ပြီးအချစ်ဆုံးသူငယ်ချင်းတွေဖြစ်သည်။တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီရင်းဖြင့်သာမောင်နှမအရင်းတွေလိုနေလာခဲ့တယ်။အရွယ်ရောက်လာပြီးနောက်မှာဂေဟာကနေထွက်ပြီးဖန်းအိမ်တော်ကိုဝင်လာကြသည်။လျို့ဝှက်လေ့ကျင့်ရေးတွေလုပ်ပြီးပြင်းထန်တဲ့လေ့ကျင့်မှုတွေကိုသေလုမ​တတ်လုပ်ခဲ့ရသည်။

ဖန်းဂိတ်ကလူတွေဖြစ်လာပြီးနောက်မှာသူတို့အဆင်ပြေပြေနေနိုင်ခဲ့တယ်။ဖန်းမိသားစုကိုကျေးဇုရှင်တွေဟုမှတ်ယူပြီးသစ္စာရှိစွာနေခဲ့သည်။ထိုချိန်ကဖန်းသခင်လေးဖန်းဆောင်စီမှာလက်ထက်ရမဲ့မိန်းကလေးရှိသည်။ဒါပေမဲ့မထင်မှတ်ပဲကျူးမိန်နဲ့မှားယွင်းခဲ့ကြတယ်။ကျူးမိန်လဲဖန်းဆောင်စီကိုမချစ်သလိုဖန်းဆောင်စီလဲလက်ထက်ရမဲ့မိန်းကလေးရှိတာမလို့ထိုအမှားကိုမရှိခဲ့သလိုနေခဲ့သည်

ဒါပေမဲ့ကျူးမိန်ကတစ်ညထဲမှားခဲ့ပေမဲ့ကိုယ်ဝန်ရသွားခဲ့တယ်။ဖန်းဆောင်စီကိုပြောတော့လူမဆန်စွာဖျက်ချခိုင်းသည်။တခြားဘယ်သူ့ကိုမှဒီကိစ္စမပြောဖို့ပြောသည်။ကျူးမိန်ဟာအရမ်းနားကြည်းသွားပြီးသူမကလေးကိုရအောင်မွေးဖို့ဆုံးဖြတ်ခဲ့တယ်။ကလေးမဖျက်ချတာမလို့ဖန်းဆောင်စီကကျူးမိန်ကိုယ်ဝန်ပျက်အောင်အမျိုးမျိုးကြံစည်တော့သည်။

မိခင်စိတ်အပြည့်နဲ့ကျူးမိန်ကသူမကလေးကိုမရ ရအောင်လောကကြီးထဲခေါ်သွင်းမယ်ဟုဆုံးဖြတ်ပြီးကာကွယ်ပေးခဲ့သည်။ရှောင်းယွီဖောင်ဟာဒီအကြောင်းတွေသိသွားပြီးနောက်ကျူးမိန်ကိုထွက်ပြေးကြဖို့ပြောသည်။ဒါပေမဲ့ထိုချိန် ကလျို့ဝှက်ဂိတ်ကထွက်ရင်အသက်မရှင်နိုင်ပါ။ဒါပေမဲ့သူမ ကလေးကိုလဲမဆုံးရှုံးချင်တာမလို့ရှောင်းယွီနဲ့အတူထွက်ပြေးလာခဲ့ကြသည်။

ဖန်းဆောင်စီရဲ့အဖေဖန်းသခင်ကြီးဟာသိသွားပြီးနောက်တွေ့တဲ့နေရာသတ်ပစ်ရန်အမိန့်ပေးခဲ့သည်။

TRICK ✔Where stories live. Discover now