အပိုင်း(၄)

30.3K 1.8K 51
                                    

Unicode

"ပေး ငါဆေးလိုက်မယ်"

"ရတယ် ငါဆေးလိုက်မယ် မင်းသာဖယ်"

မနက်စာစားပြီးချိန် ဆေးဖို့ရာ ပန်းကန်နှစ်ချပ်လုံးကိုယူတော့ ချစ်ငယ်ကငြင်းပြီး သူ့ပန်းကန်နဲ့ကျွန်တော့်ပန်းကန်ကို ယူချသွားကာ ရေတွင်းနားထွက်သွားသည်။ခပ်လှမ်းလှမ်းမှ ကျောပြင်​သေးသေးလေးက တလှုပ်လှုပ်။

"ချစ်ငယ်"

"ပြော"

"ချစ်ငယ်"

"အေး"

"ချစ်ငယ်"

"..."

သုံးခွန်းမြောက်တွင် ထူးသံကြားမလာတော့။ဘေးကထိုင်နေတဲ့ ကျွန်တော့်ကို ပန်းကန်ဆေးရင်း မျက်မှောင်ကြုတ်ဖြင့် တစ်ချက်သာ လှည့်ကြည့်လာသည်။ဟာ သွားပါပြီ ကိုကို ဖြစ်စေချင်တာ ဒီလိုမှမဟုတ်ဘဲ ဗျာလို့ ထူးစေချင်တာလေကွာ

"ချစ်ငယ်က ငါခေါ်ရင်ဗျာလို့ ထူးရမှာလေ"

"လွမ်းစေသော် မရစ်နဲ့"

"ဟာကွာ...."

လေးတိလေးကန်နဲ့ အသံလေးဆွဲရင်း ကျွန်တော့်မျက်လုံးတွေက ချစ်ငယ်ဆီ ရှိမနေတော့။ခြံဘေးမှ ပေါက်နေတဲ့ သရက်ပင်ကြီးဆီလည်းကောင်း၊ပြာနှမ်းနေတဲ့ ကောင်းကင်ဆီ လည်းကောင်၊အုပ်လိုက်ဝဲပျံနေတဲ့ ခိုငှက်တွေဆီလည်းကောင်း အကြောင်းအရင်းမဲ့စွာ ငေးကြည့်နေလိုက်၏။ဒါက ကျွန်တော့်ရဲ့ အသံတိတ်မကျေနပ်မှုလေးသာ ဖြစ်သည်။သရက်ပင်မှာ သရက်ပွင့်များက ဝေဝေဆာလျက်။လေတစ်ချက်တိုက်ခက်လိုက်တိုင်း သရက်ပွင့်နံ့လေးတွေက နှာခေါင်းထံ လာကျီစယ်လျက်။ယခုအချိန်ထိ လစ်လျှူရှုခံနေရသည်မို့ မကျေမနပ်ဖြင့် နှာတစ်ချက်မှုတ်ချလိုက်ရာ မကြာလိုက် နံဘေးက ချစ်ငယ်ရဲ့ သက်ပြင်းချသံ သဲ့သဲ့ကို ကြားလိုက်ရ၏။

"ဟင်း"

"လွမ်းစေသော်"

"..."

ကျွန်တော် လှည့်မကြည့်ဖြစ် မသိချင်ယောင်ဆောင်ကာ ဟိုဟိုသည်သည်ကြည့်နေသည်မှာ ဘာမှမကြားရသလို။

"ခေါ် ပြန်ထူးမယ်"

"အမ်"

"ခေါ်လို့ ပြန်ထူးမယ်"

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now