အပိုင်း(၁၆)

19.6K 1.2K 69
                                    

Unicode

"ချစ်ငယ် သွားရအောင်"

စက်ဘီးကယ်ရီယာခုံပေါ် ခပ်မြန်မြန်တက်ရင်း မနေ့က ဘုန်းဘုန်းကျက်ခိုင်းလိုက်တဲ့ essay and letter ကို ပါးစပ်မှရွတ်ကာ ပြန်နွေးလိုက်သည်။ မနေ့ညက လွမ်းစေသော်နဲ့ စာအတူတူကျက်ဖြစ်ပြီး လွမ်းစေသော်ရဲ့ ပူဆာမှုကြောင့် ကျွန်တော် ယခုတွင် လွမ်းစေသော်နဲ့ တစ်ခန်းထဲအတူ နေနေရ၏။စာရွတ်နေရင်း  "ငါမနက်မှစောစောထကျက်တော့မယ်" ပြောပြီး အစောကြီးအိပ်သွားသူအား သတိရကာ စက်ဘီးနင်းနေတဲ့ လွမ်းစေသော်ပုခုံးကို ပုတ်ရင်းမေးလိုက်သည်။

" ရပြီလား စာက"

"အမ် အဟဲ အကုန်မရသေးဘူး ဟိုစပ်စပ်ဒီစပ်စပ်"

လွမ်းစေသော်ရဲ့နောက်ကျောကို ခပ်နာနာလေးရိုက်လိုက်ကာ ကျွန်တော်သတိပေးလိုက်သည်။

"ဘုန်းဘုန်း ရိုက်မှာမကြောက်ဘူးလား လွမ်းစေသော် စာကိုပေါ့ပေါ့တန်တန်မလုပ်စမ်းနဲ့"

"အေးပါကွာ"

ကျွန်တော် သက်ပြင်းတစ်ချက်ချလိုက်ပြီး

"ဘုန်းဘုန်းက အလွတ်ရေးခိုင်းမှာ အဲ့ခါကျ ငါ့ထဲကကူးရေးလိုက် မသိမသာကြည့်နော် ကြားလား လွမ်းစေသော်"

လွမ်းစေသော်ကို ဖျတ်စီးသလိုဖြစ်နေမှန်းလည်းသိသည်။ သို့သော် အရိုက်ကြမ်းတဲ့ဘုန်းဘုန်းကြောင့်  လွမ်းစေသော်ကိုအထိခိုက်မခံစေချင်လို့သာ ကျွန်တော် ထိုသိုပြောမိခြင်းပင်။ အရိုက်ခံရရင် လွမ်းစေသော်က အသားနာမှာ ကျွန်တော်ကအသည်းနာရမှာ။

"အိုး အဲ့ဒါကြောင့် ကလေးလေးကိုချစ်နေရတာ"

ထို့နောက် နှလုံးသားမှာ ပင်လယ်တစ်ခုနှယ် လှိုင်းငယ်တို့ရိုက်ခက်နေရင်း ချစ်ရသူကြောင့် လှိုင်းလုံးကြီးဖြစ်တည်လာတော့သည်။ရှက်စိတ်တို့မွှန်လာပြီး ရှက်ရမ်းရမ်းကာ လွမ်းစေသော် ကျောကိုထပ်မံရိုက်လိုက်သည်။

"ပေါက်ကရတွေမပြောနဲ့"

ကိုရင်လေးတွေကြားက နေရာလွတ်တွင် ဝင်ထိုင်ရင်း စာကို ပြန်နွေးသည်။ လွမ်းစေသော်က ထုံးစံအတိုင်း ကျွန်တော့်ကို ကလိနေရမှ ကျေနပ်တဲ့သူဆိုတော့ ကွာတားဘောင်းဘီဝတ်ထားတဲ့ ကျွန်တော်က ထိုင်လိုက်တော့ ဘောင်းဘီက အပေါ်တက်သွားကာ ပေါင်ထိရောက်သွားသည်။ အဲ့ပေါ်နေတဲ့ပေါင်ပေါ် ဘောပင်နဲ့လျှောက်ခြစ်နေတာမို့ မနေနိုင်မထိုင်နိုင် ဘုန်းဘုန်းရောက်မလာခင် စာလေး၁လုံး၂လုံးရစေချင်တာကြောင့် ပြောလိုက်မိ၏။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now