အပိုင်း(၁၈)

18.1K 1.1K 40
                                    


Unicode

နံနက်ခင်းနေရောင်တို့က ခန္ဓာကိုယ်ပေါ်ကျ ရောက်လျက်။ မျက်လုံးတို့ကမဖွင့်သေးပါပဲ လက်တစ်စုံက ကုတင်ရဲ့တစ်ဖက်ခြမ်းဆီရောက်လို့နေသည်။ အေးစက်နေတဲ့ နေရာလွတ်။ သက်ပြင်းတစ်ချက်ချလိုက်ပြီး ဒါနဲ့ဆို ၂ရက်။ လွမ်းစေသော်နဲ့အစမပြုရတဲ့  နံနက်ခင်း တွေ၂ရက်ရှိပြီ။နောက်ဆက်တွဲသည်  ကျွန်တော်ကိုယ်တိုင် ရန်ဖြစ်တဲ့နေ့က အိမ်ပြန်ရောက်ပြီး မကြာ ဒဏ်ရာအရှိန်နဲ့ဖျားတော့သည်။ထိုနေ့ညက  လူကြီးတွေရောက်လာလို့သာ တော်သေးသည်ဟု ပြောရမည်။ထွန်းကျော်ရဲ့ အမေဖြစ်သူက "သူ့သားကိုဒီလိုလုပ်တာ မကျေနပ်ဘူး"ဆိုပြီး ရပ်ကွက်ရုံးသွားတိုင်ခဲ့သော်လည်း ဖြစ်ကြောင်းကုန်စဥ် မြင်ခဲ့တဲ့ ကျွန်တော်အပါအဝင် ထိုက်စံတို့အဖွဲ့ကပါ ရှင်းပြလိုက်တာမို့ လွမ်းစေသော် ဘာမှမဖြစ်ခဲ့။ အန်တီခိုင်ကတော့ သားသမီးဘယ်လောက်မှားမှားမှန်မှန် မိဘနေရာကနေ သားသမီးဖြစ်သူကို ဆုံးမရမဲ့တာဝန်ရှိသည်မို့ လွမ်းစေသော် ကို "နောက်လက်မပါမိစေရန်" ဆိုတဲ့ ဆုံးမစကားနဲ့အတူနောက်ဆက်တွဲ ရိုက်ချက်လေးကလည်း တွဲပါလာသည်မို့ အဲ့နေ့ညက လွမ်းစေသော်ကို မရိုက်တော့ရန် ကျွန်တော်တားမိသေးသည်။

"သား သက်သာရဲ့လား"

ထိုစဥ် အခန်းထဲဝင်ရောက်လာတဲ့ အန်တီခိုင်။ကျွန်တော် အန်တီခိုင်ကိုလည်း ကျေးဇူးတင်မိ၏။ကျွန်တော်နေမကောင်းကတည်းက အစစအရာရာ ဂရုစိုက်ပေးတာ လွမ်းစေသော်အပြင် အန်တီခိုင်လည်း ပါသည်။

"ဟုတ် သက်သာသွားပါပြီ "

နွမ်းဖတ်နေတဲ့ခန္ဓာကိုယ်နဲ့ ညှိုးနွမ်းနေတဲ့နှလုံးသား တို့ကို ဥပေက္ခာပြုရင် မုသားစကားဆိုလိုက်၏။ မသိစိတ်ရော အသိစိတ်ပါ စိုးမိုးထားတဲ့ တစ်ယောက်သောသူကို မေးဖို့လည်း ကျွန်တော်မမေ့ခဲ့။

"အန်တီခိုင် လွမ်းစေသော်ရော"

"သားအတွက် ဆန်ပြုတ်သွားဝယ်ခိုင်းထားတယ် ခဏနေ လာတော့မှာ ဗိုက်ဆာနေပြီလား"

"မဆာသေးဘူးဗျ"

"အေးအေး တစ်ခုခုလိုတာရှိရင် အောက်ဆင်းလာခဲ့နော်"

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now