ဇာတ်သိမ်းပိုင်း

36.7K 1.5K 307
                                    

Unicode

ဂျူတီကုတ် ကိုခေါက်ကာသိမ်းလို့ တာဝန်ချိန် ပြီးသွားပြီမို့ စဥ်ဝင်အောက်က ဆိုင်ကယ်ကိုထုတ်၊စက်သံနှိုးကာ ထွက်ဖို့အပြင်  ခပ်လှမ်းလှမ်းမှာ ဆရာမတစ်ယောက်က ကျွန်တော့်ကို လှမ်းခေါ်ဟန်ပြနေတာမို့ ဆိုင်ကယ် စက်သတ်လိုက်၏။

"ဆရာရေ နေဦးနေဦး"

"ဖြေးဖြေးလာပါ ဆရာမရယ် ကျွန်တော်ထွက်မပြေးပါဘူး"

"ကျွန်မပေးစရာရှိလို့ ဒီနေ့တစ်နေကုန်အလုပ်ရှုတ်နေတာနဲ့ မပေးဖြစ်ဘူး အခုမှသတိရလို့ တော်သေးတယ်"

" ဘာများလဲ ဆရာမ"

ကျွန်တော့်အမေး၌ ဆရာမကမဖြေအားပဲ သူ့ဘေးလွယ်အိတ်ထဲနှိုက်ကာ ဖိတ်စာတစ်စောင်ကမ်းပေးလာ၏။ ဖိတ်စာယူကာ ဘာဖိတ်စာမှန်း မဖတ်ရသေးတဲ့ကျွန်တော်က ရှိရင်းစွဲအပြုံးနဲ့ ဝမ်းသာစွာဖြင့်

"ဆရာမတောင်မင်္ဂလာဆောင်တော့မှာလား "

ထိုအခါ ဆရာမက ရှက်သွားသလို မျက်လွှာချရင်း ပြာသလဲလဲရှင်းပြလာသည်။

"ဟယ် ဆရာကလည်း မဟုတ်ပါဘူး ကျွန်မဖြင့်ယူစရာ လူတောင်မရှိဘူး ဖိတ်စာလည်းဖတ်ကြည့်ဦး မွေးနေ့ဖိတ်စာ ဆရာ့လူနာတစ်ယောက်ကဖိတ်ခိုင်းလိုက်တာ အစက အဲ့ကောင်မလေးက သူကိုယ်တိုင်ဖိတ်မယ်ဆိုပြီး ဆရာ့ကိုထိုင်စောင့်နေသေးတယ် ဒီနေ့ကဆရာလည်း လူနာများနေတာနဲ့မအား အဲ့တာနဲ့ ကျွန်မကိုတစ်ဆင့်ဖိတ်ခိုင်းလိုက်တာ"

"ဪ ဟုတ်ပြီ ဟုတ်ပြီ ကျေးဇူးပဲဗျ ဆရာမ"

"ရတယ်ရတယ် ဒါနဲ့ ဆရာ့သူငယ်ချင်းလား ခါတိုင်းသူလာကြိုနေကျပါ အခုရက်ပိုင်းမတွေ့လို့"

"ဟုတ်တယ် သူ ရန်ကုန်ကို အလုပ်ကိစ္စနဲ့ ခဏ သွားနေတာ အဲ့တာနဲ့ ကျွန်တော်လည်း ကိုယ့်ဘာသာ လာခဲ့လိုက်ရတော့တာ"

ကျွန်တော့်အသံက ပင်ပန်းအားလျော့ခြင်းများအပြည့်။အလုပ်လုပ်ရတာ ပုံမှန်ထက် ၂ဆပင်ပန်းနေသလို။သေချာတာက လူပင်ပန်းတာထက် စိတ်ပင်ပန်းတာလို့ပြောရင် ပိုမှန်မည်။ အကြောင်းအရင်းကိုပြောရရင် လွမ်းစေသော်ကလွဲ ဘယ်သူရှိဦးမှာလဲ။၃ရက်တောင်ရှိနေပြီ ဒီချိန်ဆို လွမ်းစေသော် ပြန်လာသင့်ပြီလို့ ကျွန်တော်တွေးမိသည်။သို့သော် အလုပ်ကိစ္စနဲ့ သွားတာမို့ ပြန်လာတော့လို့လည်း ခေါ်လို့မရ ကျွန်တော့်အဖြစ်က နည်းနည်းတော့ ခံရခက်သည်။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now