အပိုင်း(၂၉)

17.9K 1.1K 156
                                    

Unicode

"ဆရာ ကျွန်တော်တို့လည်း ထမင်းသွားစားရအောင် ဒီနား စားကောင်းမဲ့ ဆိုင်တစ်ဆိုင်တော့ ရှိလောက်မှာပါ"

ဂျူတီကုတ်ကိုချွတ်ရင်း နားနေခန်းအတူတူကျတဲ့  ဒေါက်တာ မျိုးဇော်က ဆေးစာအုပ်ဖတ်နေတဲ့ ကျွန်တော့်ကို ထမင်းအတူစားဖို့ ခေါ်တော့ လက်ခံစကားပြောရင်း နှစ်ယောက်သမား စကားတစ်ပြောပြောနဲ့ အခန်းထဲကထွက်လာခဲ့၏။

"ဆရာ"

"ဗျာ"

Corridor တစ်လျှောက်လမ်းလျှောက်ရင်း ခေါ်သံကြား၍ ကျွန်တော် လှည့်ကြည့်မိတော့ သူနာပြုဆရာမလေးတစ်ယောက်။ မိန်းကလေးဖြစ်သည်မို့ ဟန်မပျက်အောင် ခပ်သွက်သွက်လေး ကျွန်တော့်ဆီလှမ်းလာရင်း

"ဆရာ့သူငယ်ချင်းထင်တယ် ထမင်းချိုင့်လာပို့သွားလို့"

ကျွန်တော့်ထံ လှမ်းပေးလာတဲ့ ထမင်းချိုင့်လေးကိုယူရင်း အပြုံးတစ်ခုတပ်ဆင်ကာ ကျေးဇူးတင်စကားပြန်ပြောလိုက်၏။ထိုအခါ ဒေါက်တာမျိုးဇော်က အားကျတဲ့အကြည့်နဲ့ ကြည့်လာသည်။ကိုယ့်အတွက် ထမင်းချိုင့်ထည့်ပေးမဲ့ သူရှိတော့ ဆရာဝန်တွေကြား ဒါကလည်း မျက်နှာပွင့်စေမဲ့အချက်လည်းဖြစ်စေသည်။

"အို့ ဆရာ လက်သွက်လာချည်လား ထမင်းချိုင့်ထည့် ပေးမဲ့သူတွေတောင်ရှိပြီပေါ့"

ဒေါက်တာ မျိုးဇော်ရဲ့အမေးကို ကျွန်တော် ခပ်သာသာလေးရယ်ရင်း

"ဒီလိုပါပဲဗျာ"

"ကောင်မလေးမလား ဟင်းဟင်း ဆရာ့အပျိုလေးက ဆရာ့ကိုတော်တော်ချစ်မဲ့ပုံပဲ ထမင်းချိုင့်တောင် လာပို့တယ်ဆိုတော့"

စပ်ဖြီးဖြီးမျက်နှာကို လက်နဲ့အသာအုပ်ရင်း မေးလာတော့ ကျွန်တော် ဟန်မဆောင်နိုင်ဘဲ သဘောတကျရယ်မိတော့သည်။ဘာတဲ့။ အပျိုလေး။ ကျွန်တော့်မျက်လုံးထဲ ချက်ချင်း အရပ်၂ဆလောက် မြင့်တဲ့အပြင် ဗလတွေပါရှိတဲ့ ထိုအပျိုလေးဆိုသူကို ပြန်မြင်ယောင်ရင်း အရယ်တောမသတ်နိုင်တော့ ဒေါက်တာမျိုးဇော်ကပါ ကြောင်အမ်းအမ်းဖြစ်သွားတာမို့ အရှိန်သတ်ကာ ချောင်းတစ်ချက်ဟန့်ရင်း

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now