အပိုင်း(၁၇)

18.9K 1.2K 58
                                    

Unicode

လမ်းမကြီးပေါ် စက်ဘီးလေး ၄စီးမှာ တစ်ရွေ့ရွေ့ ရွေ့လျားနေသည်။ကျွန်တော်နဲ့လွမ်းစေသော်ကတစ်စီး။တင်မောင်မြင့်နဲ့စန်းအောင်ကတစ်စီး။ရဲဝင်းနဲ့ထိုက်စံကတော့တစ်စီး သပ်သပ်စီစီးကာ ကွေ့ကြီးကွင်းသို့လရောက်လာခဲ့ကြသည်။ အညာမြေတမာပင်ပေါသည့်တိုင် ကွင်းရဲ့တစ်နေရာရှိ တမာပင်အရိပ်အောက် စက်ဘီးတွေထားခဲ့ကြသည်။ ညနေခင်းမို့ နေအပူရှိန်သိပ်မမြင့်သည်မို့ ​တော်တော့သည်ဟု ပြောရမည်။ ဘောလုံးကွင်းထဲရောက်သည့်အချိန်တွင် လွမ်းစေသော်နဲ့မတိမ်းမယိမ်း အသားခပ်ညိုညို ကောင်လေးတစ်ယောက်က ကျွန်တော်တို့အဖွဲ့ကိုမြင်တော့ အမြင်မကြည်သည့်သဘောမျိုးဖြင့် ကြည့်လာသည်။ ကျွန်တော်မှန်းပုံထောက် ထိုကောင်လေးက လွမ်းစေသော်တို့ ပြောနေတဲ့ ထွန်းကျော်ဆိုတာဘဲ ဖြစ်ရမည်။ လွမ်းစေသော်က ကျွန်တော့်အဖွဲ့ထဲမှာ မျက်နှာပြောင်တက်သော်ငှား သူနဲ့မတည့်တဲ့သူ၊သူ့အပေါ်အမြင်မကြည်တဲ့သူရှေ့ရောက်လျှင် မျက်နှာထားတည်တက်သည်။အမှန်အတိုင်းဝန်ခံရလျှင် လွမ်းစေသော် မျက်နှာတည်ထားရင် အနည်းနဲ့အများတော့ ရှိန်ချင်စရာကောင်းသည်။

ခပ်လှမ်းလှမ်းမှ အသားလတ်လတ်နဲ့ ဆံပင်ရှည်ကိုနောက်လှန်သိမ်းထားတဲ့ ကောင်လေးက ကျွန်တော်တို့အဖွဲ့ဆီ ဦးတည်လာကာ စကားဆိုလေသည်။

"ဆရာသမား မလာတော့ဘူးမှတ်နေတာ"

ထိုအခါ လွမ်းစေသော်က ခပ်ရေးရေးပြုံးပြရင်း

"မလာဘဲနေပါ့မလား ပုံမှန်ကန်မယ်ဆို လာဖြစ်ချင်မှ လာဖြစ်မှာ ဟိုတစ်ယောက်က ကြိမ်းထားတယ် ကြားလို့ လာလိုက်တာ"

"အဲ့တော့ အမောင်လွမ်းတို့ မကြာခင် သိတ်တော့မယ်ပေါ့"

"မောင်မောင်သိန်းတို့ရောပါသလားဟေ့"

စန်းအောင်က ခပ်နောက်နောက်ဖြင့်ဆိုတော့ မောင်မောင်သိန်းကရယ်ကျဲကျဲလုပ်ကာ

"ဆရာသမားတို့ကို ကြောက်ပါတယ်ဗျာ"

ပထမပွဲစဥ်ကို မောင်မောင်သိန်းတို့အဖွဲ့နဲ့ ထွန်းကျော်တို့အဖွဲ့က အရင်ကန်ကြသည်။ ကျွန်တော်တို့အဖွဲ့က တမာပင်အောင် ဖိနပ်ကို ဖင်ခုထိုင်ကာ စကားတပြောပြောနဲ့ စောင့်နေကြသည်။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now