အပိုင်း(၃၁)

18.6K 1K 170
                                    

Unicode

"ငါ ထလို့မပြောမချင်း နှစ်ယောက်စလုံး မထရဘူး"

ငယ်ချစ်ဦး တစ်ယောက် ရှေ့မှာ မျက်နှာငယ်နဲ့ ခြေတုတ်ဒူးထောက်ကာ ထိုင်နေသော ညီအစ်ကိုနှစ်ယောက်ကိုကြည့်ရင်း သက်ပြင်းသာချမိတော့၏။ညီဖြစ်သူဆိုးတာ အရေးမဟုတ် အကိုဖြစ်သူကပါ မဆုံးမဘဲ လိုက်ကာပေးနေသည်မို့ ကျွန်တော်က အမုန်းခံကာ ဆုံးမရတော့သည်။
လွန်ခဲ့တဲ့ တစ်ပတ်လောက်က duty ချိန် လူနာကြည့်ပေးပြီး အထွက် ဘေးခန်းက အော်သံကြောင့် ကျွန်တော်ဝင်ကြည့်မိရာက ဇာတ်လမ်းစသည်။ ကျွန်တော် ဘာဖြစ်တာလဲ ဟု အသံပေးဝင်မိတော့  ဆရာမက အားကိုးရာ လူတစ်ယောက် တွေ့လိုက်သလို ကျွန်တော့်ကိုဆွဲခေါ်ကာ တရစပ်လွှတ်ပြောတော့သည်။

"ဆရာရယ် လုပ်ပါဦး ကျွန်မနားချတာလည်းမရဘူး မျက်ခုံးပေါက်နေတာ ချုပ်ရမယ်ဆိုတာကို အတင်းငြင်းနေတာ စိတ်တွေလည်းညစ်ပါတယ် ဆရာရယ်
တစ်ခုခုလုပ်ပါဦး ကျွန်မလည်းမနိုင်တော့ဘူး "

ဆရာမရဲ့ငြူစူသော စကားမှာ ကျွန်တော်နားလည်သလိုခေါင်းငြိမ့်ပြရင်း လူနာကုတင်ပေါ်က ကောင်လေးဆီသွားကာ

"ငါ့ညီ မျက်ခုံးကတော်တော် ပေါက်သွားတာကွ ချုပ်မှရမယ် ထုံဆေးနဲ့ဆိုတော့ သိပ်မနာပါဘူး"

"တော်ပြီ ဆရာ ရတယ် ကျွန်တော် မချုပ်ဘူးနော် မချုပ်ဘူး"

သွေးအလိမ်းလိမ်းစီးကျနေတဲ့ မျက်ခုံးထံအသာထိကြည့်ရင်း သွေးတွေကို ဂွမ်းနဲ့သန့်စင်ပေးလိုက်တော့  လူနာဖြစ်သူ ခပ်ငယ်ငယ်ကောင်လေးက ကြောက်အားလန့်အားဖြင့် ကျွန်တော့်ကို တွန်းထုတ်သော်ငှား  လူငယ်အားပေမို့ ဘာမှမဖြစ်လိုက်။ကျွန်တော်ပါလာတဲ့ ဖုန်းကိုထုတ်ကာ

"မင်းအုပ်ထိန်းသူ သိပြီလား အခုခေါ်ထားသလား"

ချွေးနဲ့သွေးရောကာ ကြောင်ဂျီးအိုးရုပ်ပေါက်နေသော  ကောင်လေးက မျက်နှာငယ်ဖြင့် ခေါင်းခါပြလာတော့
ကျွန်တော် အလိုက်တသိဖြင့်

"အုပ်ထိန်းသူဖုန်းနံပါတ်ပြော ဆရာ ဆက်ပေးမယ်"

ကျွန်တော့်စကားမှာ ကောင်လေးက ဝင့်ကနဲ လက်သွားတဲ့ မျက်လုံးနဲ့ကြည့်လာကာ အုပ်ထိန်းသူဖြစ်သူရဲ့ ဖုန်းနံပါတ်ကို ပြောလာ၏။ ဂဏန်း ၉လုံးရှိတဲ့ ဖုန်းနံပါတ်မှာ ၅လုံးမြောက်ကတည်းက ပေါ်လာတဲ့ တစ်ယောက်သောသူရဲ့ Contact ကြောင့် ဇဝေဇဝါနဲ့ ကောင်လေးကိုပင် မျက်မှောင်ကြုတ်ကြည့်မိတော့သည်။ နောက်ဆုံး ၉လုံးပြည့်သွားတဲ့အခါ  တူညီနေတဲ့ ဖုန်းနံပါတ်ကြောင့် အံသြသွားတဲ့သူက ကျွန်တော်။ ဒီကလေးက လွမ်းစေသော်နဲ့ဘာတော်တာလဲ။နေပါဦး ဒီကလေး....

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now