အပိုင်း(၂၂)

17.9K 1.2K 81
                                    

Unicode

"စနေပြီလား စနေပြီလား"

"အေး စနေပြီ"

TVရှေ့ ဖျာခင်းပြီးကြည့်နေတဲ့ ကျွန်တော့်ဆီ လောကောဇောကောတိုက်ကာ ရောက်ချလာတဲ့ ထိုက်စံတို့တစ်သိုက် အတွက် နေရာဖယ်ပေးရင်း လက်ဖက်တစ်ခွန်း ခပ်စားလိုက်၏။အိမ်ကကျယ်လို့သာ တော်သေးသည်။ရပ်ကွက်ထဲTvရှိတဲ့ သူနည်းပါးသည်ကြောင့် လူအများစုမှာ ကျွန်တော်တို့အိမ်တွင် စုနေကြသည်။ဒီနေ့ Manchester City နဲ့Manchester United ကန်မဲ့ ဘောလုံးပွဲနေ့။

အများစုကယောင်္ကျားသားတွေဖြစ်ပြီး ထွေရာလေးပါ စကားပြောတဲ့သူကပြော။ဘောလုံးပွဲအကြောင်း ပြောတဲ့သူပြော။ညကြီးမိုးချုပ် တစ်အိမ်လုံး ပွတ်လောရိုက်နေတော့သည်။
ထိုအခိုက်တွင် ဘာမှမသိသူပီပီ တစ်ယောက်ထဲငြိမ့်နေသည့် နံဘေးက လက်ဖက်သုတ်ကို ပုစွန်တွေချည်းရွေးစားနေတဲ့ ချစ်ငယ်ဆီ အမေးလေးတစ်ခွန်းဆိုလိုက်၏။

"ချစ်ငယ် ဘယ်အသင်းနိုင်မယ်ထင်လဲ လောင်းမလား"

ကျွန်တော် မဲ့ပြုံးတစ်ချက်နဲ့ မျက်ခုံးကို နှစ်ချက်လောက်ပင့်ကာ စိန်ခေါ်လိုက်သည်။ထိုအခါ ချစ်ငယ်က စားနေတဲ့ လက်ဖက်ပန်းကန်ကိုချကာ Tvကိုတစ်ချက်ကြည့်ပြီး ကျွန်တော့်ဘက်တစ်ချက် လှည့်လာကာ ဆီဝေ့နေတဲ့ပါးစပ်လေးကိုလျှာသပ်ရင်း ပြန်ဖြေလာ၏။

"ရတယ် ဘာကြေးလဲသာပြောလိုက်"

ကျွန်တော်တစ်ချက် တွေဝေသွားသည်။ဘာကြေး​လောင်းရင် ကောင်းမလဲ။စဥ်းစားစမ်း။

ကျွန်တော် လက်ဖက်သုတ်ထိုင်စားနေတဲ့ ချစ်ငယ်ကို ငူငူကြီး ငေးကြည့်ရင်း....။ အာ...သိပြီ။

"၁၅၀၀ကြေး"

"ဟုတ်ပြီ ငါက...မန်ယူကွာ"

"အဲ့ဒါဆို ငါက မန်စီးတီး"

ထိုလောင်းကြေးအား ကျွန်တော်တစ်ယောက်ထဲသာ သိလိမ့်မည်။၁၅၀၀အချစ်နဲ့နှလုံးသားကို  လောင်းကြေးထပ်တယ်ဆိုရင်ရော..

"ဘာတွေပြောနေကြတာလဲ"

ဘေးက ရဲဝင်းက ပုခုံးတွတ်ပြီးမေးတော့ ကျွန်တော်ဘာမှမပြောဘဲ ခေါင်းသာခါပြလိုက်၏။ဒီလောင်းကစားက ကျွန်တော့်အတွက် ချစ်ငယ်နဲ့သာသက်ဆိုင်သည်။ပထမပွဲစဥ်တွင် ဘယ်သူမှဂိုးမသွင်းသည်မို့ ဘာမှမထူးခြားသေး။ဒုတိယပွဲစဥ်တွင် ထူးခြားပါသည်။မန်စီးတီးဘက်က ၁ဂိုးသွင်းလိုက်တော့ ချစ်ငယ် ကျောမတ်သွားတော့သည်။ကျွန်တော် သဘောတကျရယ်မိရင်း ချစ်ငယ်နားတိုးကာ

အချစ်ထက်သာလွန်သော[Completed]Kde žijí příběhy. Začni objevovat