အပိုင်း(၁၀)

23.3K 1.3K 4
                                    

Unicode

တစ်ပတ်အကြာတွင် လွမ်းစေသော် ပြောသည့် ပြိုင်ပွဲဆိုတဲ့ အကြောင်းအရာကြီးအား ကျွန်တော် ရှင်းရှင်းလင်းလင်း သိရတော့၏။ အန်တီခိုင် တို့ စျေးက တစ်နှစ်တစ်ခါ စျေးဘုရားပွဲ ကျင်းပပြီး စတုဒိသာအကျွေးအမွေးတွေ၊ပျော်ပွဲရွှင်ပွဲဖြစ်တဲ့ သီချင်းဆိုပြိုင်ပွဲပါ လုပ်လေ့ရှိသည်ဟု ပြောပြသည်။ ထိုပြိုင်ပွဲအား လွမ်းစေသော်က နှစ်တိုင်း ဝင်ပြိုင်သည်ဟုလည်း ပြောသည်။
လွမ်းစေသော်နောက် တကောက်ကောက် လိုက်ရမဲ့ ကျွန်တော် က ယနေ့တွင် စျေးဘုရားပွဲလုပ်မှာမို့ စျေးကို လိုက်သွားရမည်။
ဘုရားသွားရမှာမို့ ကောင်းကောင်းယောင်းယောင်းရှိလောက်မဲ့ ပုဆိုးတစ်ထည်နဲ့ ဟာဝေယံရှပ် ပြောင် တစ်ထည်နဲ့သာ တွဲဝတ်လိုက်၏။

ကိုယ့်ကိုကိုယ် အမွှန်းတင်တာတော့မဟုတ် တောက်တောက်ပြောင်ပြောင် အဝတ်အစား မဝတ်တောင် ရုပ်ထွက်သည့်လူမျိုး။ ဆံပင်ကောက်ကောက်တွေက မညှပ်ရတာကြာတော့ ရှေ့ကိုဘုတ်သိုက်ကျနေသည်။နောက်နေ့ မှ လွမ်းစေသော်ကို ဆံပင်ညှပ်ဖို့ ပြောလိုက်မယ်။

အိမ်နဲ့စျေး သွားဖို့ရာ တော်တော်အလှမ်းဝေးသည်မို့  စက်ဘီးနဲ့သွားလို့မရ။အသိပေါလွန်းတဲ့ လွမ်းစေသော်ရဲ့ အကူအညီခြာ နှစ်အိမ်ချာက ဦးသန်းတို့ ဆိုက်တွဲနဲ့ သွားရမည်ဖြစ်သည်။

နေမြင့်ရင် နေပူမှာကြောင့် မနက်စောစောထ ထွက်လာခဲ့ကြသည်။။မနက်စာလည်း စျေးကကြုံရာနဲ့သာ  ဆွဲတော့မည်။ အိမ်ရှေ့ ကွတ်ပစ်ပေါ် ထိုင်ရင်း လွမ်းစေသော်ကို စောင့်နေသည်မှာ ၁၀မိနစ်နေလို့လဲ ထွက်မလာ။၁၅မိနစ်နေလို့လဲ ထွက်မလာ။လူက စိတ်မရှည်ချင်တော့။"ကြာတာကွာ...ဘယ်ရိုက်ကွင်းသွားမှာမုိ့လို့ အဲ့လောက်ပြင်နေရတာလဲ "ဟုပင် ပါးစပ်မှ မကျေမနပ်နဲ့ ရေရွတ်လိုက်မိသေးသည်။

"ကိုကို လာပြီ ကိုကိုလာပြီ"

ကြားလိုက်ရသည့် အသံကြောင့် လူက မျက်ဖြူစိုက်ချင်သွား၏။ အရင်တပတ်က စိတ်ကျေနပ်အောင် ချော့ပေးမိတဲ့ ကိုယ့်အမှားလို့ဘဲ ပြောရမလား မသိတော့။တစ်ခါတစ်ခါ စိတ်ရူးပေါက်ရင် သူ့ကိုယ်သူ ကိုကို လို့ ထပြောတော့၏။အဲ့လိုမပြောပါနဲ့ဟု တားလည်းမရ။ဒီကောင့်ကို ကျွန်တော်မနိုင်ဘူး။ကျွန်တော်ထင်ထားသလို ရှိုးစမိုးနဲ့ထွက်လာသည်မဟုတ်  သူက ဘောလုံးအင်္ကျီနဲ့သာ။စိတ်ကမရှည်တော့ ခပ်မာမာ စကားနဲ့သာ မေးမိ၏။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now