အပိုင်း(၆)

25.8K 1.8K 88
                                    

Recommended song_စိုင်းထီးဆိုင် ချစ်တာတစ်ခုတည်းသိတယ်

Unicode

ဗဟိုလမ်းမကြီးတစ်လျှောက် ကယ်ရီယာထိုင်ခုံပေါ်ချစ်သူကိုတင်ကာနင်းရင်း ရေဒီယိုက သီချင်းလေးကို လွမ်းစေသော်တို့ ချစ်ရသူကို ရည်မှန်းကာ ဆိုကာညည်းလို့ ချစ်ရသူကရှက်သွေးဖြာလျက်...

အောင်ချမ်းသာ စျေးရှိရာသို့ စျေးလမ်းဘက် ချိုးလိုက်လျှင် ခပ်လှမ်းလှမ်းရှိ စျေးဝယ်စျေးသည်များ အုံးအုံးကျပ်နေတဲ့ အောင်ချမ်းသာစျေးကို လှမ်းမြင်ရသည်။စျေးနားမရောက်ခင် မီးသတ်ရုံအသေးစားလေးလဲ ရှိသေး၏။မီးသတ်ရုံဘေးတွင် ဗန်ဒါပင်များစွာကနေရာယူလျက်။စျေးဝယ်ရန် လာရောက်သူများက မိမိရဲ့စီးယာဥ်တွေအား ဗန်ဒါပင်များအောက်ရပ်၍ ထားခဲ့လေ့ရှိကာ လူတွေသတ်မှတ်မထားတဲ့ဆိုင်ကယ်စတန်းနေရာလေး ဖြစ်သည်။ကျွန်တော့်စက်ဘီးကို နေရာလွတ်တစ်ခုဆီ ထိုးရပ်လိုက်ပြီး စက်ဘီးခြင်းမှ ဗန်ဒါသီးထုတ်ကြီးအား ဘယ်လက်မှဆွဲလျက်   ကျန်လက်တစ်ဖက်က ချစ်ငယ်ရဲ့ လက်ကို ဆုတ်ကိုင်ထားဖို့လည်း မမေ့။

"ဘာလုပ်တာလဲ ဖယ်စမ်းပါ"

"လက်ကိုင်တာလေ"

"အေးလေ ဘာလို့လက်ကိုင်တာတုန်း"

"ချစ်ငယ်လည်း မြင်နေတာဘဲ စျေးကဒီလောက်ရှုတ်တာ လူကွဲသွားရင် ဘယ်လိုလုပ်မလဲ"

တကယ်လူကွဲသွားမှာလည်း စိုးတာကတစ်ကြောင်း၊ကလေးဖမ်းသွားမှာကလည်း စိုးတာကတစ်ကြောင်း။ကျွန်တော်အပိုပြောတာ မဟုတ်။ချစ်ငယ်က လူကောင်သေးတာမို့ မြင်သူတိုင်း ကလေးလို့ ထင်မိကြမှာ အမှန်ပင်။ကလေးနဲ့ ရောယောင်ကာ ဖမ်းသွားရင် ကမ္ဘာပျက်မဲ့ ကျွန်တော့်ကိုယ် ကျွန်တာ် ပြေးမြင်မိသေးသည်လူကွဲမည်စိုး၍သာပြောရသည်။
"မင်းကသေးတော့ ကလေးဖမ်းက ဖမ်းသွားမှာစိုးလို့"သာပြောရင် သေချာပေါက် ချစ်ငယ်ရဲ့လက်စာမိမှာ။ထို့ကြောင့် အသက်ကို ဥာဏ်စောင့်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူနေတဲ့ ကျွန်တော်က မပြောဖြစ်တော့။

ချစ်ငယ်ကို ကျွန်တော်ကြောက်တယ်။ချစ်ငယ်စိတ်ဆိုးမှာ ချစ်ငယ်စိတ်တိုမှာ ချစ်ငယ်စိတ်ပျက်မှာကိုကျွန်တော်ကြောက်တာ။အချစ်ရဲ့စိုးရိမ်မှုအသေးစားလေးကတော့ ရှိနေသေးသည်။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now