အပိုင်း(၁၁)

20.9K 1.2K 42
                                    

Unicode

မမော်ရဲ့ ရဲတင်းလွန်းတဲ့ အကြည့်ကို သူသိသိသာသာရှောင်ရှားခဲ့သည်။ဖြစ်နိုင်ရင် တစ်ယောက်သော သူဆီမှလွဲ အဲ့လိုအကြည့်ကို မခံချင်တာဆို ကျွန်တော် လွန်ရာကျမလား။ မမော်ဟာ လှသည်။စည်းစိမ်ဥစ္စာလည်း ပေါသည်။ပညာတတ် အမျိုးသမီးတစ်ယောက်ဖြစ်သည့်တိုင် မေမေသည်လည်း ကျွန်တော့်အပေါ်  စိတ်ဝင်စားမှုရှိသည်ကို ဝင်ရောက်စွတ်ဖတ်ခြင်း မပြုခဲ့။သို့သော် ကျွန်တော်သည် ထိုအခြင်းအရာအား လျစ်လျှူရှုခြင်းများစွာကိုပြုရင်း အာရုံစိုက်မိတာက ချစ်ငယ်တစ်ယောက်သာ။ မမော်ကို ငေးကြည့်နေတဲ့ချစ်ငယ်။ မမော်က မိန်းမလှလေးတစ်ယောက်။ လူပျိုပေါက်အရွယ် ချစ်ငယ်။ တွေးကြည့်လိုက်ရုံနဲ့ကျွန်တော့်ရင်ကဆစ်ကနဲ။

ရုတ်ချည်းဝင်ရောက်လာတဲ့ သဝန်တိုစိတ်။မကြိုက်ဘူး။မမော်ကိုစိုက်ကြည့်နေတဲ့ ချစ်ငယ်ကို ဖြစ်နိုင်ရင် ကျွန်တော့်တစ်ယောက်ထဲကိုဘဲ ကြည့်စေချင်တယ်။ကျွန်တော်ကဘဲ ချစ်ငယ်ရဲ့အမြင်အာရုံလေး ဖြစ်ချင်တယ်။ဒါသည် ကျွန်တော် မကျေနပ်သည့် အတွေးတစ်ခုသာ။

မပိုင်ဆိုင်ရတဲ့ လူသားလေးအပေါ်  အတ္တကြီးလွန်းနေမှန်း သူသိသည်။သို့သော် မတတ်နိုင်။တစ်စုံတစ်ယောက်မှာ ကျွန်တော့်ကို အတ္တကြီးအောင်  လုပ်နေသည်။ ကျွန်တော်နားရှိနေသရွေ့ ဂရုစိုက်ပေးချင်သည်။ပျော်အောင်ထားပေးချင်သည်။လိုချင်တာတွေဖြည့်စည်းပေးချင်သည်။ဒါသည် ဖြူစင်သော ချစ်ခြင်းမေတ္တာမှ ပေါက်ပွားလာသည့် အတ္တမြူငယ်လေး တစ်မှုန်သာ ဖြစ်သည်။သို့သော်ငှား အချိန်တန်လျှင် ထားခဲ့တဲ့အတိုင်း နေခဲ့မဲ့ ကျွန်တော်က ပိုင်ဆိုင်ခြင်းအား မမျှော်မှန်းရဲ။ချစ်ငယ်က ကျွန်တော့်အတွက် ခူးဆွတ်လို့မရတဲ့ လမင်းကြီးလို။ငေးမောကြည့်ရုံသာ တတ်နိုင်သည်။

တင်းကျပ်လာသည့် ခံစားချက်နဲ့အတူ အရာအားလုံးကို မျက်ကွယ်ပြုလိုက်ရင်း ချစ်သူလက်အား တင်းတင်းဆုတ်ကာ ထွက်လာခဲ့၏။မြိုသိပ်မထားတတ်တဲ့ ကျွန်တော့်အတွက် ခံစားချက်တို့ကအလုံးအရင်း

"ချစ်ငယ် နောက်ခါငေးကြည့်ချင်ရင် ငါ့ကိုဘဲကြည့် ငါကမင်းတစ်ယောက်ထဲကြည့်ဖို့ အခြားသူငေးကြည့်ဖို့မဟုတ်ဘူး အဲ့ဒါကြောင့်ငေးကြည့်ချင်ရင် ငါ့ကိုတဝကြီးသာကြည့်"

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now