𝓛𝓮𝓽𝓽𝓮𝓻-4

628 98 30
                                    

Unicode

ရိပေါ်အနောက်ကိုအမှီ​​ပြေးလိုက်လာပေမယ့် ရိပေါ်ရဲ့အရိပ်အယောင်ကိုပင်မမြင်ရတော့တာမို့ ကျောင်းဝန်းတစ်လျှောက်လိုက်ရှာနေရင်း ရိပေါ်ကိုကျောင်းသားတစ်ယောက်နဲ့ရပ်ပြီးစကားပြောနေတာကို မြင်လိုက်တာမို့ သူထိုအနားကိုအမြန်ပြေးသွားမိသည်။

"သူကဘယ်သူလဲ ရိပေါ် "

တစ်ဖက်ကလူကို မျက်မှောင်ကျုံ့ကာကြည့်ရင်း မေးလိုက်ပေမယ့် ရိပေါ်ကသူမေးတာကိုမဖြေသေးပဲ

"ဒီကနေတည့်တည့်သွားပြီး အဆောင်(၃)နားရောက်ရင် ဘယ်ဖက်ကိုကွေ့လိုက်ရင်ရောက်ပြီ"

"ဟုတ်ပြီဗျာ... ကျေးဇူးနော်။ နောက်ကြုံမှပဲမုန့်ဝယ်ကျွေးတော့မယ်"

ရိပေါ်မျက်နှာကိုစူးစိုက်ကြည့်ရင်း ​စပ်ဖြဲဖြဲမျက်နှာဖြင့်ပြောသွားတဲ့ထိုလူက ဘေးမှာရပ်နေတဲ့သူ့ကိုလည်းမထီတရီကြည့်သွားလိုက်သေးသည်။ သူ့မှာအနောက်ကနေပြေးလိုက်ပြီး ဆွဲထိုးလိုက်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ ပုံစံကိုက ပြောင်ချော်ချော် မြောက်ကြွကြွနဲ့ အမြင်ကပ်စရာပင်။ သူတစ်ယောက်ထဲဒေါသပုန်ထနေပေမယ့် ရိပေါ်ကတော့ သူ့ကိုမစောင့်ပဲအရှေ့ကနေအရင်လျှောက်သွားတာမို့ ရိပေါ်လက်ကိုလှမ်းဆွဲလိုက်ရင်း

"အဲ့ကောင်ကဘယ်ကကောင်လဲ ရိပေါ် "

"ငါဘယ်သိမလဲဟ"

ရိပေါ်ရဲ့အဖြေကြောင့် ရှောင်းကျန့်အလိုမကျစွာဖြင့် မျက်ခုံးတန်းနှစ်ခုကိုတွန့်ချိုးလိုက်မိသည်။

"ဘာကိုမသိရမှာလဲ။ အခုပဲမင်းနဲ့စကားပြောနေတာမဟုတ်ဘူးလား"

"သူက သတ္တဗေဒမေဂျာကိုဘယ်လိုသွားရမလဲမသိဘူးဆိုလို့ ငါကလမ်းညွှန်ပေးနေတာ။ သူဘယ်သူလဲဆိုတာတော့ငါဘယ်သိပါ့မလဲ"

ပေါ့ပေါ့ပါးပါးပင်ပြောနေတဲ့ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်ဒေါသပိုထွက်လာမိသည်။ ရိပေါ်ဟာတစ်ခါတစ်လေကျရင်အဲ့လိုပဲ။ တစ်ဖက်လူကဘာဖြစ်နေသလဲ မသိသလို သိဖို့လည်းမကြိုးစားဘူး။ အမြဲတမ်းအေးတိအေးစက်နဲ့။

"မင်းကသာမသိဘူးဆိုတယ် ဟိုကောင်ကမင်းကိုစိုက်ကြည့်နေတာများ မင်းမျက်နှာတောင်ပေါက်ထွက်သွားမလားမှတ်ရတယ်။ မင်းကိုက အဲ့လိုအကြည့်ခံရတာကို သဘောကျနေတာမဟုတ်လား"

𝐿𝑜𝑣𝑒 𝐿𝑒𝑡𝑡𝑒𝑟:𝑤𝑟𝑖𝑡𝑡𝑒𝑛 𝑏𝑦 𝐻𝑒𝑎𝑟𝑡Where stories live. Discover now