𝓛𝓮𝓽𝓽𝓮𝓻-8

960 96 40
                                    

Unicode

ရိပေါ်အိပ်နေရင်း အိပ်ခန်းတံခါးကိုအဆတ်မပြတ်ထုရိုက်နေတဲ့အသံကြောင့် မျက်လုံးမပွင့်တပွင့်ဖြင့် အိပ်ယာထဲမှကုန်းရုန်းထလိုက်မိသည်။ တံခါးလော့ခ်ကိုဖွင့်ပေးလိုက်တာနဲ့တစ်ပြိုင်နက် ရှောင်းကျန့်က ဇွတ်အတင်းတွန်းဖွင့်လာတာမို့ သူရန်တွေ့ဖို့ပြင်လိုက်တုန်းမှာပင် ရှောင်းကျန့်ကသူ့ခါးကိုဆွဲဖက်ကာ နှုတ်ခမ်းချင်းထိကပ်လာတာမို့ သူမျက်လုံးအပြူးသားဖြင့်ကြောင်သွားမိသည်။

သူ့အသိစိတ်က ရှောင်းကျန့်ခန္ဓာကိုယ်ကြီးကိုတွန်းဖယ်ဖို့ ပြင်ပေမယ့် လက်တွေ့မှာတော့အားမပါလှတဲ့သူ့ရဲ့လက်တွေက ရှောင်းကျန့်လည်ပင်းကိုဖက်တွယ်လို့ သိပ်သည်းလှတဲ့အနမ်းတွေကို နင့်နင့်နဲနဲကိုတုံ့ပြန်နေမိသည်။ သူ့နှုတ်ခမ်းတွေကိုအနည်းငယ်ဟလိုက်တာနဲ့ သူ့ခံတွင်းထဲအတင်းတိုးလျှိုဝင်ရောက်လာတဲ့ လျှာဖျားကသူ့လျှာကိုမထိတထိတို့ထိလို့ လိမ်ယှက်စုပ်ယူလိုက်တာမို့ သူ့လက်သည်းတွေက ရှောင်းကျန့်ရဲ့လက်မောင်းထဲနစ်ဝင်နေလေသည်။

ရှောင်းကျန့်ကသန်မာလှတဲ့လက်တစ်ဖက်ဖြင့် သူ့ခါးကိုခြေဖျားထောက်လုမတတ်သိမ်းပွေ့ထားပြီး ကျန်လက်တစ်ဖက်ကတော့ သူ့လည်ဂုတ်ကိုထိန်းကိုင်ကာ အရူးအမူးကို ဖိနမ်းနေတာမို့ ရင်ထဲတလှပ်လှပ်ဖြင့် နေရခက်တာတော့အမှန်ပင်။ အသက်ရှူမဝသလို ခံစားလာရတဲ့အချိန်လောက်မှာ ရှောင်းကျန့်ကသူ့နှုတ်ခမ်းတွေကိုလွှတ်ပေးတာမို့ အသက်ကိုခပ်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်နေရင်း ရုတ်တရက်သူ့ကိုပွေ့ချီခံလိုက်တာမို့ လန့်ဖြန့်သွားပြီး ရှောင်းကျန့်ရဲ့လည်ပင်းကိုဖက်တွယ်ထားလိုက်မိသည်။

"ရှောင်းကျန့်.. ဘာလုပ်..."

သူ့ပြောနေခိုက်မှာပင် ရှောင်းကျန့်ကသူ့ကို အိပ်ယာပေါ်ပစ်တင်ကာ အပေါ်ကနေအုပ်မိုးလိုက်တာမို့ သူ့စကားတွေကဆက်ပြီးထွက်မလာတော့ပဲ လမ်းတစ်ဝက်မှာတင်ရပ်တန့်သွားတော့သည်။ သူကြောင်အနေတုန်းမှာပင် ရှောင်းကျန့်ရဲ့သန်မာလှတဲ့လက်မောင်းတစ်ဖက်က သူ့ခါးအောက်ကနေသိမ်းပွေ့လို့ ကိုယ်ချင်းကိုပိုလို့နီးကပ်စေလိုက်တာကြောင့် အရှက်ပိုစွာဖြင့် အောက်နှုတ်ခမ်းလေးကိုအသာကိုက်ရင်း မျက်နှာကိုခေါင်းအုံးထဲနစ်ဝင်မတတ်စောင်းငဲ့ချလိုက်မိသည်။

𝐿𝑜𝑣𝑒 𝐿𝑒𝑡𝑡𝑒𝑟:𝑤𝑟𝑖𝑡𝑡𝑒𝑛 𝑏𝑦 𝐻𝑒𝑎𝑟𝑡On viuen les histories. Descobreix ara