𝓛𝓮𝓽𝓽𝓮𝓻-11

349 51 35
                                    

Unicode

"ရိပေါ် အိမ်ပြန်ရောက်ပြီလား"

"မင်းငါ့ကိိုစိတ်ဆိုးစရာရှိလို့လားရိပေါ် "

"ဘာကိစ္စပဲရှိရှိ ငါကပဲတောင်းပန်တာမို့ ဖုန်းကိုင်ပေးပါလား"

"ကျေးဇူးပြုပြီးဖုန်းကိုင်စမ်းပါရိပေါ်.. ငါစိတ်ပူလို့သေတော့မယ်"

ငါးမိနစ်ခြားတစ်ခါဆိုသလို သူ့ဖုန်းထဲအဆက်မပြတ်ဝင်လာတဲ့စာတိုတွေနဲ့အတူ ဖြေဆိုသူမဲ့နေတဲ့missed callပေါင်းများစွာကို ရင်နာစွာဖြင့်သူလျစ်လျူရှုထားမိသည်။ သူထွက်လာတုန်းက ရှောင်းကျန့်များအနောက်ကနေပြေးလိုက်လာလေမလား မျှော်လင့်ခဲ့မိပေမယ့် သူစိတ်ကူးယဥ်အိပ်မက်တွေထဲကနိုးထသင့်ပြီဖြစ်ကြောင်း လက်တွေ့ကသက်သေပြလို့နေသည်။ စိတ်ဆိုးဒေါသထွက်ပြီးသူတစ်ယောက်ထဲလုပ်ချင်ရာတွေ လုပ်မှာစိုးတာမို့ ဟွိုက်စန်းတို့အဖွဲ့ကသူနဲ့အတူ လိုက်ခဲ့မယ့်အကြောင်းပြောပေမယ့် သူလက်မခံပဲတစ်ယောက်ထဲထွက်လာခဲ့သည်။

သူ့ကြောင့် ဒုက္ခခံရတာရှောင်းကျန့်တစ်ယောက်နဲ့တင် လုံလောက်နေပြီမဟုတ်လား။ အတ္တကြီးစွာနဲ့ ဝန်ခံရမယ်ဆိုအခုချိန် သူ့နောက်ကိုရှောင်းကျန့်ပြေးလိုက်လာစေချင်သည်။ အားလုံးရဲ့အလယ်မှာ ရှောင်းကျန့်ကသူ့တစ်ယောက်ထဲကိုသာ ရဲရဲဝံ့ဝံ့နဲ့ရွေးချယ်စေချင်သည်။ သူလည်းငတုံးတစ်ယောက်မဟုတ်တာမို့ ဘေးလူတွေမြင်သလိုမျိုးရှောင်းကျန့်သူ့အပေါ်ဘယ်လောက်ထိချစ်ပြီး သည်းခံသလဲဆိုတာခံစားမိသည်။ ဒါပေမယ့်လည်း သူနဲ့ရှောင်းကျန့်ကတရားဝင်တွဲနေကြတာမှမဟုတ်ပဲ။

အများအမြင်မှာ သို့လောသို့လောဖြစ်နေမှာထက်စာရင် ရှောင်းကျန့်ဘက်ကနေသူ့ကိုတရားဝင်ချစ်ရေးဆိုပြီး သူ့ခံစားချက်ကိုပါမေးစေချင်သည်။ သူတို့နှစ်ယောက်လုံးက ယောကျာ်းလေးတွေပဲမို့ ဘယ်သူ့ဘက်ကစပြီးပြောပြောကိစ္စမရှိဘူးဆိုပေမယ့် သူ့ဘက်ကဒီလိုစကားမျိုးကို ဘယ်တော့မှအရင်ဆုံးထုတ်ပြောမှာမဟုတ်ဘူးဆိုတာ ရှောင်းကျန့်သိသင့်သည်။ သူ့ဘက်ကချစ်လို့ဆိုတာထက် အများအမြင်မှာ ရှောင်းကျန့်ကသဲသဲလှုပ်ချစ်ရတဲ့သူတစ်ယောက်အဖြစ်နဲ့သာ ရှိနေချင်သည်။

Chegaste ao fim dos capítulos publicados.

⏰ Última atualização: May 09 ⏰

Adiciona esta história à tua Biblioteca para receberes notificações de novos capítulos!

𝐿𝑜𝑣𝑒 𝐿𝑒𝑡𝑡𝑒𝑟:𝑤𝑟𝑖𝑡𝑡𝑒𝑛 𝑏𝑦 𝐻𝑒𝑎𝑟𝑡Onde as histórias ganham vida. Descobre agora