𝓛𝓮𝓽𝓽𝓮𝓻-9

553 53 27
                                    

Unicode

အရင်ထဲက စာသင်ချိန်တွေဆိုစိတ်မဝင်စားတတ်တဲ့ရိပေါ်က ဒီနေ့မှပိုပြီးစိတ်တွေပြန့်လွင့်လို့နေသည်။ ရှောင်းကျန့်ကသူ့ဘေးမှာထိုင်နေပေမယ့် သူနဲ့အဝေးဆုံးမှာရှိနေသလိုမျိုး ခံစားနေရတာမသက်သာလှ။ ဒီကြားထဲ ဟိုကျောင်းသူအသစ်က တစ်ချက်တစ်ချက်အနောက်လှည့်ကြည့်ပြီး ရှောင်းကျန့်ကိုရယ်ပြနေသေးသည်။ ရိပေါ်မှာ စိတ်ရှိတိုင်းပေါက်ကွဲပစ်လိုက်ချင်တဲ့စိတ်တွေကို အတန်းချိန်မပြီးသေးဘူးဆိုတဲ့အသိဖြင့် တင်းခံထားရသည်။

ပုံမှန်အတန်းချိန်တွေဆို ကိစ္စမရှိပေမယ့် ဒီဆရာကroll callမပြည့်ရင်အရမ်းရစ်တတ်တာမို့ သူ့မှာဒေါသတွေကိုအတင်းမြိုချနေရသည်။

"ရိပေါ် ငါ.."

အတန်းချိန်ပြီးလို့ ဆရာအတန်းထဲကထွက်သွားပြီဆိုတာနဲ့ သူရိပေါ်ကိုစကားပြောဖို့လှည့်ကြည့်လိုက်ပေမယ့် ရိပေါ်ကကျောပိုးအိတ်ကိုဆွဲကာ ဒေါသတကြီးဖြင့် အခန်းအပြင်ကိုထွက်သွားတာမို့ သူလည်းစာအုပ်တွေအမြန်သိမ်းရင်း ရိပေါ်အနောက်ကိုအမြန်ပြေးလိုက်သွားမိသည်။

"နေ.. နေပါဦးရိပေါ်....။ တစ်ခုခုဖြစ်လို့လား"

ရိပေါ်ကအတော်ဝေးဝေးကိုရောက်နေပြီမို့ အမောတကောဖြင့်အနောက်ကို ပြေးလိုက်သွားပြီးမေးလိုက်ပေမယ့် ရိပေါ်ကလှမ်းဆွဲထားတဲ့သူ့လက်ကို အကြမ်းပတမ်းခါထုတ်လိုက်ရင်း

"တစ်ခုခုဖြစ်လို့လား... ငါအခုဘာဖြစ်နေလဲဆိုတာမင်းတကယ်ပဲမသိတာလား ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလားရှောင်းကျန့်"

ဒေါသတကြီးဖြင့်တုံ့ပြန်လာတဲ့ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်ကြောင်အသွားမိသည်။ သူတကယ်ကိုရိပေါ်ဘာဖြစ်နေမှန်းမသိပေ။ ပြီးခဲ့တဲ့လပိုင်းလောက်ထဲက ဘာကိုစိတ်တိုလို့တိုနေမှန်းမသိတဲ့ရိပေါ်က သူ့ကိုစကားလည်းမပြော မျက်နှာချင်းမဆိုင်သလို အခုလည်းအကြောင်းရင်းမရှိသူ့ကိုပေါက်ကွဲနေပြန်သည်။ တကယ်ဆို ရိပေါ်ထက်ပိုပြီး သူကတောင်ဒီမေးခွန်းကိုမေးသင့်တဲ့သူမဟုတ်ဘူးလား။

သူကဘာမှပြန်မပြောပဲငြိမ်နေတော့ ရိပေါ်ကဒေါသတွေပိုပြီးပေါက်ကွဲသွားပုံဖြင့်

𝐿𝑜𝑣𝑒 𝐿𝑒𝑡𝑡𝑒𝑟:𝑤𝑟𝑖𝑡𝑡𝑒𝑛 𝑏𝑦 𝐻𝑒𝑎𝑟𝑡Where stories live. Discover now