𝓛𝓮𝓽𝓽𝓮𝓻-5

716 106 21
                                    

Unicode

ဒီနေ့နဲ့ဆို ဟိုသတ္တဗေဒမေဂျာကကျူးလုံဆိုတဲ့ကောင်ကို သူတို့မေဂျာဆောင်နားမှာတွေ့နေရတာ တစ်ပတ်ပင်ပြည့်တော့မည်။ အတန်းလာတက်တာလည်းမဟုတ် သူငယ်ချင်းကိုလာစောင့်တာလည်းမဟုတ်ပါပဲ ထိုကောင်ကရစ်သီရစ်သီဖြင့် ယောင်ချာချာလုပ်နေလေတော့ သူမျက်မုန်းကျိုးနေတာအတော်ပင်ကြာလေပြီ။ အခုလည်းပဲ သူတို့အခန်းရှေ့က ကော်ရစ်တာမှာဟိုဖက်လျှောက်လိုက် ဒီဖက်လျှောက်လိုက်ဖြင့် သူတို့ထိုင်နေတဲ့ဆီကိုခဏခဏလှမ်းချောင်းနေသည်။

ရိပေါ်ကတော့ ဒါတွေကိုဘာမှသိပုံမရပဲ စားပွဲပေါ်မှာမေးထောက်ရင်းငိုက်နေတာမို့ ရှောင်းကျန့်သူ့ခန္ဓာကိုယ်ကြီးကိုအရှေ့ကိုကုန်းလိုက်ရင်း ကျူးလုံဆိုတဲ့ကောင် ရိပေါ်ကိုချောင်းလို့မရအောင် တမင်တကာ ကွယ်ထားလိုက်သည်။ မသိမသာသခိုးချောင်း,ချောင်းနေတဲ့ကောင်က အခုတော့ ကိုယ်ကိုဟိုဖက်ယိမ်းလိုက် ဒီဖက်ယိမ်းလိုက်ဖြင့် ရုပ်ပျက်ဆင်းပျက် လည်တဆန့်ဆန့်ဖြစ်နေတာမို့ ရှောင်းကျန့်စိတ်ထဲကနေ အောင်နိူင်သူတစ်ယောက်လိုပြုံးလိုက်မိသည်။

"ဟေ့ကောင် ရှောင်းကျန့်... အရှေ့ကနေငြိမ်ငြိမ်နေစမ်း။ စာတွေနားမလည်ရတဲ့ကြားထဲ ဒင်းကိုကြည့်ပြီးမူးနောက်နေတာပဲ"

အနောက်တန်းမှာထိုင်နေတဲ့ ဟောက်ရွှမ်းတို့ဆီက မကျေမနပ်ပြောဆိုလာတဲ့စကားသံတွေကြောင့် ရှောင်းကျန့်ပေစောင်းစောင်းဖြင့်အနောက်ကိုလှည့်ကြည့်လိုက်ရင်း

"မကျေနပ်ရင်အရှေ့ဆုံးခုံမှာသွားထိုင် သဘောပေါက်လား"

ရှောင်းကျန့်ရဲ့စကားကြောင့် ဆက်ပြောချင်နေတဲ့ဟောက်ရွှမ်းခမျာ ပါးစပ်လေးအသာပြန်ပိတ်ပြီး ငြိမ်ကျသွားတော့သည်။ ဟောက်ရွှမ်းဘေးကနှစ်ကောင်ကတော့ အံတကြိတ်ကြိတ်ဖြင့် တွေ့မယ်ဆိုကာသူ့ကိုကြိမ်းနေသည်။

အခန်းရှေ့ကိုလှမ်းကြည့်လိုက်တော့ ဟိုကောင့်ကိုမတွေ့ရတော့တာမို့ လှစ်ခနဲပြုံးလိုက်မိသည်။ သို့သော် သူ့အပြုံးတွေကြာကြာမခံလိုက်။ အကြောင်းမှာတော့ အတန်းထဲကဆရာမထွက်သွားတာနဲ့ ဟိုကောင်ကမုန့်ထုပ်တွေတပွေ့တပိုက်ဖြင့် သူတို့ထိုင်နေတဲ့နားဆီတည့်တည့်လျှောက်လာနေတာကြောင့်ဖြစ်သည်။ ဟိုကောင့်ကိုရိပေါ်တွေ့မသွားခင် သူတို့အမြန်ထသွားဖို့ပြင်လိုက်ပေမယ့် သကောင့်သားကအတင့်ရဲစွာဖြင့် မတ်တပ်ထဖို့လုပ်နေတဲ့ရိပေါ်ရဲ့အရှေ့မှာဝင်ရပ်လိုက်လေသည်။

𝐿𝑜𝑣𝑒 𝐿𝑒𝑡𝑡𝑒𝑟:𝑤𝑟𝑖𝑡𝑡𝑒𝑛 𝑏𝑦 𝐻𝑒𝑎𝑟𝑡Where stories live. Discover now