𝓛𝓮𝓽𝓽𝓮𝓻-7

648 89 10
                                    

Unicode

ရိပေါ်ဆေးရုံကိုရောက်သွားတယ်ဆိုလို့ ညတွင်းချင်းမိဘတွေကအစိုးရိမ်လွန်ပြီးလိုက်လာကြပေမယ့် ဆေးရုံရောက်တဲ့အခါမှာတော့ ရိပေါ်ကဘာမှထွေထွေထူးထူးဖြစ်တာမဟုတ်ပဲ ဗိုက်ဆာနေတဲ့အချိန်အပူအစပ်တွေအများကြီးစားမိလို့ သာမန်လေအောင့်ရုံမျှသာဖြစ်သည်။ ဒါပေမယ့် အစထဲကမှ သဲတတ်လွန်းတဲ့ရှောင်းကျန့်ရယ်က စိတ်လက်မအေးနိူင်ဖြစ်နေတာမို့ ဆရာဝန်ကဒီတစ်ညတော့ဆေးရုံမှာပဲ အနားယူဖို့ပြောပြီး ရိပေါ်ကိုလည်းဆောင်ရန်ရှောင်ရန်တွေမှာပြီး ထွက်သွားလေသည်။

အားလုံးစိတ်ပူနေကြပေမယ့် စိတ်ပူစရာအကြောင်းရင်းရဲ့တရားခံဖြစ်လေတဲ့ရိပေါ်က ထုံးစံအတိုင်းဆူပုတ်ကောက်ချိတ်လို့ လူနာကုတင်ပေါ်မှာပက်လက်ကလေးလှဲနေလေသည်။ အစကကတော့ သူစိတ်တိုကရှောင်းကျန့်ကိုပါ။ နောက်တော့ ဆေးရုံကိုပျော်ပွဲစားထွက်လာသလို အဖွဲ့လိုက်ကြီးရောက်ချလာတဲ့မိဘတော်တွေကြောင့် သူ့ရဲ့အုံ့မှိုင်းမှိုင်းစိတ်က ပိုလို့လေထန်သွားတော့သည်။

သူအစထဲကပြောသားပဲ။ ဆေးရုံမသွားပါဘူးလို့။ ဒါကိုလျှာရှည်လွန်းတဲ့ရှောင်းကျန့်က အပိုစကားတွေပြောပြီး သူ့ကိုဆေးရုံအတင်းခေါ်လာသည်။ ဘာတဲ့ ဆေးရုံသွားမလား ဖက်နမ်းပစ်ရမလားတဲ့ ဟမ့်..။ ရှောင်းကျန့်ခေါင်းထဲမှာတစ်ကယ်ပဲဘာတွေတွေးနေတာလဲ။ သူတို့နှစ်ယောက်ကအစထဲက သူငယ်ချင်းတွေပဲလေ။ အဲ့ဒီညကဖြစ်သွားတယ်ဆိုတာကလည်း ဒီအတိုင်းနှစ်ယောက်လုံးအမူးလွန်ပြီးအသိစိတ်လွတ်သွားရုံပဲ။ ဒါကို ရှောင်းကျန့်ကအတည်ကြီးတွေးပြီး သူတို့ရဲ့သူငယ်ချင်းသံယောစဥ်ကိုဖြတ်ပစ်မှာတော့မဟုတ်ဘူးမလား။

သူရှောင်းကျန့်ကိုလှမ်းကြည့်လိုက်တော့ အလှည့်ကျသူနာပြုဆရာမနဲ့စကားပြောနေရင်း သူ့ကိုတစ်ချက်တစ်ချက်လှမ်းကြည့်နေတာကို သူ့အကြည့်တွေကိုအလျင်အမြန်ပင်အဝေးကိုပို့လိုက်ရသည်။ အရူးကောင် ရှောင်းကျန့်.... ဒင်းလုပ်လို့ ရိပေါ်မှာသူမုန်းတဲ့ဆေးနံ့ကြီးတွေပြည့်နှက်နေတဲ့ဆေးရုံထဲမှာလဲလျောင်းနေရပြီး မိဘတွေပေါက်ပေါက်ဖောက်သမျှဒဏ်ကို မညှာမတာခံနေရသည်။

𝐿𝑜𝑣𝑒 𝐿𝑒𝑡𝑡𝑒𝑟:𝑤𝑟𝑖𝑡𝑡𝑒𝑛 𝑏𝑦 𝐻𝑒𝑎𝑟𝑡Where stories live. Discover now