𝓛𝓮𝓽𝓽𝓮𝓻-10

532 64 28
                                    

Unicode

သူတို့ရောက်သွားတော့ ကျောင်းဝင်းထဲကစုရပ်မှာ လူအတော်စုံနေပြီဖြစ်သည်။ ရိပေါ်ကထုံးစံအတိုင်း ကားပေါ်ကဆင်းတာနဲ့ သူ့ကိုပင်လှည့်မကြည့်ပဲ ကော့တော့ကော့တော့ဖြင့် ဟောက်ရွှမ်းတို့အုပ်စုရှိရာဆီလျှောက်သွားတာမို့ သူကပဲကားနောက်ခန်းထဲမှာထည့်ထားတဲ့ သူနဲ့ရိပေါ်ရဲ့ကျောပိုးအိတ်တွေကိုယူကာ ရိပေါ်အနောက်ကနေလိုက်သွားလိုက်သည်။

"ရှောင်းကျန့်နင်ကလည်းနောက်ကျနေလိုက်တာ.. ငါနင့်ကိုစောင့်နေတာကြာပြီ။ လာ... လာ မြန်မြန်"

ရိပေါ်တို့ရပ်နေတဲ့နားကိုရောက်ခါနီးမှာပင် ဆရာမတွေနဲ့စကားပြောနေတဲ့ရွှီယိလင်းက သူ့နားကိုအလောတကြီးရောက်လာပြီး သူ့ကိုပါလက်မောင်းတစ်ဖက်ကကိုင်ကာ ဆွဲခေါ်သွားတာမို့ သူ့မှာရိပေါ်ကိုလှမ်းပြောချိန်ပင်မရလိုက်ပဲ ရွှီယိလင်းဆွဲခေါ်ရာနောက်ကိုပါသွားရလေသည်။

ဆရာမတွေနဲ့အတူရယ်ရယ်မောမောစကားပြောနေတဲ့ရှောင်းကျန့်နဲ့ဟိုကျောင်းသူအသစ်မကို ရိပေါ်မကျေမချမ်းဖြင့် လှမ်းကြည့်နေမိသည်။ အရမ်းကိုပျော်နေတာပါလား ရှောင်းကျန့်က။ သူတို့စီးသွားမယ့်ကားတွေနားမှာ ဟိုဒီပြေးလွှားရင်းအလုပ်ရှုပ်နေတဲ့ နှစ်ယောက်သားကိုကြည့်ရင်း သူဘာလို့ရှောင်းကျန့်ကိုဒီtripမလိုက်ခိုင်းဖို့ မပြောမိသလဲဆိုတာကို နောင်တရနေမိသည်။

သူပါနေတာတောင် နှစ်ယောက်သားကဒီလိုမျိုးဖြစ်ပျက်နေကြတာ။ အကယ်၍ သူသာမပါကြည့်စမ်း..။ ဘာတွေများပျော်စရာကောင်းနေလို့ နှစ်ယောက်သားကဒီလောက်ရယ်မောနေကြရတာလဲ။ ဒီနောက်ပိုင်း ရှောင်းကျန့်ကသူရှိနေပါရက်နဲ့ အခြားတစ်ယောက်နဲ့ရယ်မောပျော်ပါးနေတာတွေအတော်ကိုများနေလေပြီ။ ရိပေါ်အကြည့်တွေကို အရမ်းစူးရှသွားလို့ထင်သည်။ ရှောင်းကျန့်ကသူ့ရှိရာဆီလှမ်းကြည့်လာတာမို့ ရိပေါ်အလျင်စလိုပင်မျက်နှာကိုတစ်ဖက်လွှဲထားလိုက်မိသည်။

သူကရူးနေလို့ ရှောင်းကျန့်ကိုလိုက်ကြည့်နေရမှာလား။ ဝေးသေးတယ်။ ကြည့်ချင်းကြည့် သူငယ်ချင်းဖြစ်တဲ့သူ့ကိုပဲ ရှောင်းကျန့်ကတစိမ့်စိမ့်ကြည့်ပြီး လိုချင်သမျှကိုဖြည့်စည်းပေးနေရမှာမဟုတ်ဘူးလား။ အခုတော့ သူ့ကိုပစ်ထားပြီး ကျောင်းသူအသစ်နားမှာပဲ တောက်လျှောက်ကပ်နေတာ မုန်းစရာကောင်းလှသည်။

𝐿𝑜𝑣𝑒 𝐿𝑒𝑡𝑡𝑒𝑟:𝑤𝑟𝑖𝑡𝑡𝑒𝑛 𝑏𝑦 𝐻𝑒𝑎𝑟𝑡Where stories live. Discover now