1 step forward, 3 steps back

3.9K 477 53
                                    

" ယူဂျင်းနီး အိမ်ကို လာမလည်တာ တော်တော်ကြာပြီနော် "


တရင်းတနှီးမှတ်မိနေသော ကိုကိုတို့အိမ်က ဒေါ်လေးသည် သူ့အား ငယ်ငယ်ကအတိုင်း နွေးနွေးထွေးထွေးဆက်ဆံနေဆဲဖြစ်သည် ။ မျက်နှာချင်းဆိုင်ခြံမှာနေထိုင်သော ယူဂျင်းက ကိုကို့အိမ်ကို မရောက်ဖြစ်တာ ခြောက်နှစ်လောက်ကြာခဲ့ပြီလို့ပြောလျှင် ဘယ်သူက ယုံနိုင်လိမ့်မလဲ ။ ထိုမျှ ကြာမြင့်ခဲ့မှန်းကိုလည်း သူကိုယ်တိုင် ထင်မထားခဲ့ရိုး အမှန်ပင် ။ 

ကိုကို့အဖေအကြောင်းကို ယူဂျင်း ပြန်စဉ်းစားရပါလျှင် ကြင်နာတတ်ပြီး ယဉ်ကျေးပျူငှာတတ်သော ဆရာဝန်တစ်ယောက်အနေနှင့် မှတ်မိသည် ။ အလုပ်များသည့် မိဘတွေကြောင့် ကိုကိုနှင့် ယူဂျင်းဟာ နှစ်အိမ့်တစ်အိမ် ပေါင်းနေသလို နေ့တိုင်း အတူတူ ရှိဖြစ်ခဲ့ကြသည် ။ 

ယခုအချိန်မှာတော့ ဒါတွေဟာ အတိတ်ကာလတစ်ခုအဖြစ်သာ စွဲကျန်ရုံမှတစ်ပါး မည်သို့မျှ မသက်ရောက်နိုင်တော့ပါ ။ ယူဂျင်း တစ်ယောက်သာ မှတ်မိနေတာမျိုးလည်း ဖြစ်နိုင်ပါသည် ။ ကိုကိုကတော့ သတိပင်ရပါတော့မလား မသေချာပါဘဲလေ ။ သူ့တစ်ဖက်သတ် ဒါတွေကို ပြန်လွမ်းနေလျှင်တော့ အပိုတွေပဲဖြစ်ရတော့မည်ပေါ့ ။


ကိုကိုတို့ မိသားစုလေး စုံစုံလင်လင်မရှိတော့သည့်အချိန်ကစလို့ ဘာအကြောင်းကြောင့်ရယ်မှန်းမသိပေမဲ့ မေမေက ယူဂျင်းကို အိမ်ရှေ့တိုက်ဆီ နေ့တိုင်းမသွားတော့ဖို့ တိုက်တွန်းလာသည် ။ ယူဂျင်းသည်လည်း ကိုကို့အမေကို ကြောက်ပါသည် ။ 

သူမက ယူဂျင်းကို ဆူဖူး ၊ မာန်ဖူးသော အဖြစ်အပျက်တော့ မရှိခဲ့ဖူးပေမဲ့ သူမ ပြုံးပြလိုက်လျှင် ယူဂျင်း၏ ပတ်ဝန်းကျင်လေး အလိုလိုအေးခဲသွားရသည်အထိ ရှိန်ချင်စရာကောင်းသော  အငွေ့အသက်မျိုး အန်တီ့မှာ ရှိသည် ။ 


" အန်တီရှိလားဟင် "

" ဂယူ့မေမေက ခရီးသွားတယ်ကွဲ့ ။ ဒီရက်ပိုင်းတော့ ကြာဦးမယ် ။ ယူဂျင်းနီးက တွေ့ချင်လို့လား "


ခြံတံခါးကို ဖွင့်ပေးရင်း လာရင်း အကြောင်းအရင်းပင် မသိရသေးဘဲ ယုံယုံကြည်ကြည် ဝင်ခွင့်ပြုနေသော ဒေါ်လေးကြောင့် ယူဂျင်း ကိုကို့အိမ်ထဲသို့ နောက်ထပ် တစ်ခါပြန်လည် ခြေချဖို့ ဖြစ်လာခဲ့သည် ။

My Blue : 규진Where stories live. Discover now