Very, slowly

3.5K 493 68
                                    

" အနည်းဆုံးတော့ အာရာ့အကြောင်း ကျွန်တော့်ကို ကြိုပြောပြထားသင့်တယ် ။ သူဘယ်အချိန်မှာ ဘယ်လို ဖြစ်သွားမလဲ ဆိုတာ ဘယ်သူ သိနိုင်လဲ ။ မမလည်း မသိဘူး ၊ ကျွန်တော်လည်း မသိဘူး ။ သူ အခု ယူဂျင်းကို ပါတီတွေ ခေါ်သွားပြီး မူးအောင်တိုက်လိုက်တာကိုရော သူ ဘယ်လိုစိတ်နဲ့ လုပ်လိုက်တာလဲ ၊ အကယ်၍ ကျွန်တော်သာ လိုက်မသွားရင် ယူဂျင်းဘယ်လို ဖြစ်နေမလဲ "


မမနှင့်သူဟာ အခုလို ပြောချင်တိုင်း ပြောနိုင်သော ဆက်ဆံရေးမျိုးမဟုတ်သည်ကိုလည်း ဂယူ သိပါသည် ။ တော်ရုံတန်ရုံ သူ့အပေါ် အမှားလုပ်လျှင်တောင် အကျယ်တဝင့် မှတ်ထားလေ့မရှိသော ဂယူ့ အနေနှင့်လည်း မိန်းကလေးတစ်ယောက်အပေါ် ၊ ကိုယ့်ထက် လူကြီးတစ်ယောက်အပေါ် ဒေါသထွက်မိခြင်းဟာ သည်တစ်ခါ ပထမဆုံးဖြစ်သည် ။

သူ့တိုက်ခန်းကို ဝင်ဝင်ချင်း ရေချိုးခန်းထဲ တန်းနေအောင် ပြေးဝင်သွားသော ကောင်လေး၏ အပေါ်အင်္ကျီ student coat ကလေးမှာ ကြမ်းပြင်ပေါ် ပုံလျက်သားပင် ။ ဖုန်းပြောနေရင်း ကောက်ယူကာ အင်္ကျီကို ခါလိုက်ရင်း စိတ်ပြန်လျှော့ရချေသည် ။


" အိုး .. နေပါအုံး ။ မောင်က D.I.D အကြောင်း ဘာသိလို့ ဒီလောက် sensitive ဖြစ်သွားရတာလဲ ။ အာရာက နေမကောင်းတဲ့သူပါ .. အခုလည်းပဲ ဟန်ယူဂျင်း ဆိုတဲ့ကလေးကို အန္တရာယ် မပြုခဲ့ဘူးမဟုတ်လား ။ ဒါပေမဲ့ ဒီနေ့ အာရာ့ လုပ်ရပ်အတွက် တို့ကပဲ တောင်းပန်တယ် ၊ ဟုတ်ပြီလား " 


" ကျွန်တော့် ဘက်ကလည်း ရိုင်းသလို ဖြစ်သွားရင် ဆောရီး လို့ပြောချင်တယ် ။ အာရာ့ကို မကောင်းတဲ့သူတစ်ယောက်လို ပြောနေတာမျိုးလည်း မဟုတ်ပါဘူး "


ဖုန်းတစ်ဖက်က မမသည်လည်း အာရာ့ကြောင့် မျက်နှာပူနေပုံရ၍ ဘာမှ ထပ်မပြောလာခဲ့ပါ ။ အစ်မတစ်ယောက်အနေနှင့် တာဝန်ယူ တောင်းပန်ထားပြီးသော သူမ အပေါ် ဂယူ ဘာမှ ထပ်ပြောချင်စိတ်မရှိတော့ပေ ။ နောက်ပြီး အာရာက မမနှင့် ရာနှုန်းပြည့်သက်ဆိုင်နေခြင်းမျိုးလည်း မဟုတ်လေတော့ သူမ အမှားလို့လည်း လွယ်လွယ်ခေါင်းစဉ်တပ်လို့မှမရပါဘဲလေ ။

My Blue : 규진Where stories live. Discover now