Wait for you

2.5K 347 36
                                    

" အခုအချိန်က လူနာအနေနဲ့ မိသားစုကို အသိပေးပြီး ကုသမှုခံယူဖို့ တိုင်ပင်သင့်တဲ့အချိန်လို့ ကျွန်မ ထင်ပါတယ် ။ ဒီရောဂါက တစ်ယောက်နဲ့တစ်ယောက် ခံစားရပုံချင်း မတူပါဘူး ၊ ပုံမှန်အားဖြင့် ကျွန်မဆီကို primary brain tumor patient အနေနဲ့ ရောက်လာတတ်တာက အသက် မပြည့်သေးတဲ့ ကလေးငယ်လေးတွေပဲ များပါတယ် ။ 

ဒါပေမဲ့ ဒီရောဂါအဖြစ်နည်းတဲ့ ဟန်ယူဂျင်းရှီလို ၂၀ ကျော်အရွယ်တွေမှာက ခန္ဓာကိုယ် တုံ့ပြန်မှုအရ လက္ခဏာ ပြတာနှေးတတ်တာမျိုးရှိပါတယ် ၊ ကလေးတွေအနေနဲ့က မခံမရပ်နိုင်အောင် ခေါင်းကိုက်ရင် သည်းမခံနိုင်ကြတော့ မိဘတွေကို တစ်နည်းမဟုတ်တစ်နည်း အသိပေးလေ့ရှိပေမဲ့ အရွယ်ရောက်ပြီးသား လူငယ်တွေအနေနဲ့က ဒီလက္ခဏာတွေကို သာမန် ခေါင်းမူး ခေါင်းကိုက်အနေနဲ့ပဲ သတ်မှတ်ပြီး ကျိတ်ခံနေတတ်တာမျိုးရှိတယ် ။ အဲ့လိုမျိုး ရောဂါအစပျိုးနေမှန်း အစောပိုင်းမှာ သတိမထားမိတဲ့လူနာတွေအနေနဲ့က ရောဂါဖြစ်နေမှန်း စသိရတဲ့ အချိန်လောက်ဆို ဦးနှောက်ထဲမှာ ထင်ထားတာထက် ပြင်းထန်နေတာမျိုးတွေ ဖြစ်တတ်ပါတယ် "


ဒေါက်တာက ရောဂါ၏ သဘောကို နားလည်လွယ်အောင် ရှင်းပြနေသည် ။ ခဏ အကြာ ၊ သူမ တစ်ယောက်တည်း မိနစ်ပိုင်းလောက် ခပ်သွက်သွက်ရေရွတ်လို့အပြီးတွင်တော့ စကားလုံးများဟာ စတင် နှေးကွေးလာသည် ။ ဆရာဝန်တစ်ယောက်၏ ဟန်ပန်နှင့်မတူတော့ဘဲ မေမေ့အရွယ် အမျိုးသမီးတစ်ယောက် ယူဂျင်းကို စကားလာပြောနေသည်နှင့် ပိုတူလာသည် ။

ပြောနေရင်း စကားတစ်ဝက်မှာပင် သူမ၏ အသံဟာ တိုးတိမ်သွားလျက် တုန်ရီလာဟန်ရှိသည် ။ ထို့အတူ ယူဂျင်း ဆုံကြည့်နေသော သူမ၏ မျက်ဝန်းတို့မှာမူ သနားကရုဏာတို့သာ နေရာယူလာခဲ့ပြီး သူ့အား ရည်ရွယ်ချက်ရှိရှိ ရှောင်လွှဲသွားခဲ့သလိုပါပင် ။

မဟုတ်မှလွဲရော သူမက ယူဂျင်းကို သနားနေခြင်းများလား ။ ခေါင်းတညိတ်ညိတ်နှင့် ဘယ်လိုမှ မဖြစ်သလို တည်ငြိမ်လွန်းနေသော သူ့ပုံစံက ပိုပြီးတော့များ သနားချင်စရာကောင်းနေလို့လား ။


" ဘာဖြစ်လို့လဲ ဒေါက်တာ "


My Blue : 규진Where stories live. Discover now