About Physical Book 💌

768 75 3
                                    

ဟယ်လို >< ဂျူလိုင် ၃၀ ၊ ၂၀၂၃ ခုနှစ်မှာ နောက်ဆုံး update တင်ခဲ့တဲ့ My Blue Fiction လေးထဲမှာ အတော်ကြာမှ နောက်ထပ် Episode လေးတစ်ခု ထပ်တင်ဖို့ ဖြစ်လာခဲ့ပါတယ်ရှင် ။

ရှင်လေးတို့ တော်တော်များများ သိထားပြီးကြတဲ့အတိုင်းပါပဲ ။ A Yeik - ဧရိပ် စာအုပ်တိုက်ကလေးနဲ့ ပေါင်းစည်းပြီးတော့ ကိုယ့်ရဲ့ အပြာရောင်လေးကို စာအုပ်အနေနဲ့ အသက်သွင်းဖို့ အခွင့်အရေး ရရှိခဲ့ပါတယ် ။ စာအုပ်နဲ့ပတ်သက်တဲ့ အချက်အလက်လေးတွေ အားလုံးနီးပါးကိုလည်း A Yeik - ဧရိပ် Facebook Page မှာ တင်ပြထားပြီးသား ဖြစ်ပါတယ် ။

မတ်လ ၁၈ ရက်နေ့ကစလို့ ၂၄ ရက်နေ့အထိ တစ်ပတ် တိတိ My Blue Book လေးကို Pre-order မှာယူလို့နိုင်ပါပြီရှင်

dalkomhan လည်း Facebook မှာ ပြောပြထားဖူးပါတယ် ။ ကိုယ် ဇန်နဝါရီ ၂၄ ရက်နေ့မှာ My Blue ကို စာအုပ်ထုတ်ဝေဖို့အတွက် ကမ်းလှမ်းချက်ကလေး ရခဲ့ပါတယ် ။ ကိုယ့်လို ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ စိတ်ကူးလေးနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးကို အခုလို စာအုပ်အဖြစ် ထုတ်ဝေခွင့်ရလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပါဘူး ။ ဒါ့ကြောင့် အစောပိုင်းတော့ လက်ခံရမလား ၊ လက်မခံဘဲ နေရမလား စဉ်းစားနေတုန်းပဲ ပထမဆုံး အကြိမ် အတွေ့အကြုံရချင်တဲ့ စိတ်ကြောင့်ရော ၊ မကြာခင် ရောက်လာတော့မယ့် အပြာရောင်လေးရဲ့ တစ်နှစ်ပြည့် ၊ ဟန်ယူဂျင်းလေးရဲ့ မွေးနေ့ ၊ dalkomhan_shots wattpad account တစ်နှစ်ပြည့် စတဲ့ အထိမ်းအမှတ်ကလေးတွေကြောင့်ပဲ ကိုယ့်ကိုယ်ကိုယ် လက်ဆောင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ စာအုပ်ထုတ်ဖြစ်ဖို့ လက်ခံခဲ့ပါတယ်ရှင် ။

ကဲ .. စာအုပ်တွေ ထုတ်ကြမယ်ဆိုတော့ ကိုယ့်စာမူနဲ့ ပတ်သက်ပြီး ပြန်စဉ်းစားဖြစ်ပါတယ် ။ အပြာရောင်လေးသည် တစ်ပိုင်းစီမှာလည်း စာလုံးရေတွေများပြီး အပိုင်းဆက် ၃၃ ပိုင်းအထိ ပါဝင်တဲ့ Heavy Angst အမျိုးအစားမလို့ စာအုပ်ထုတ်ရတော့မယ် ဆိုတဲ့အခါမှာ ဘာတွေများ လိုအပ်ချက်ရှိနေမလဲ လို့ ပြန်တွေးဖြစ်ခဲ့ပါတယ် ။ အပြာရောင်လေးက အားလုံးရဲ့ သဘောကျ အားပေးမှုကြောင့် ဇာတ်သိမ်းမလှတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို လှလှပပလေး အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပေမဲ့ စာရေးသူအနေနဲ့တော့ ချန်လှပ်ထားခဲ့တဲ့ ဇာတ်ကြောင်းတွေ ၊ အပြည့်အဝ မဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကောင်စရိုက်ခံစားချက်တွေ ၊ လိုအပ်ချက် ရှိနေခဲ့တဲ့ နေရာတွေကို သိနေခဲ့တာပေါ့နော် ။ အဲ့တာကြောင့်မို့ EXTRA လည်း ထပ်လိုက်ပေးမယ် ဆိုပြီးပါ စာအုပ်တိုက်ကို တစ်ခါတည်း ပြောပြတော့ dalkomhan ရဲ့ တောင်းဆိုချက်ကလေးကို လက်ခံပေးခဲ့တာကြောင့် အချပ်ပို အပိုင်းတွေပါ ထည့်ရေးပေးဖို့ စီစဉ်ထားခဲ့ပါတယ် ။

My Blue : 규진Where stories live. Discover now