Try again

2.4K 336 14
                                    

" ယူဂျင်းရယ် .. စန္ဒရားတီးတဲ့လက်တွေကို ဂရုစိုက်ပါလို့ ကိုယ် ပြောခဲ့သားပဲ " 


သူတို့၏ ကားလေးဟာ ယူဂျင်းတို့ ကျောင်းပါကင်ဝန်းထဲမှာသာ ရှိသေးသည် ။ သည်နေ့တော့ ကျောင်းစောဆင်းပုံရပါသည် ။ သူ အိမ်မှ စောထွက်လာခဲ့ပေမဲ့ ပါကင်ကို ရောက်တော့ ယူဂျင်းက အသင့်စောင့်နေလျက်သား ဖြစ်နေပြီ ။ 

ကျောင်းမှာ ဘယ်လောက်များပင်ပန်းခဲ့သလဲ မသိပေ ၊ သူ့ကို စောင့်နေကြိုနေပုံရသော ယူဂျင်း၏ မျက်နှာလေးဟာ ဖြူဖျော့နေခဲ့သည် ။ ထို့အပြင် ကားထဲသို့ ဝင်လာသည်နှင့် နီရဲနေသော ထိုကလေး၏ ညာဘက်လက်ကို မြင်သောအခါ ဂယူ့မှာ ထူပူသွားရသည် ။ ကာယကံရှင်လေးကတော့ သူ့ကိုယ်ပေါ်က ဒဏ်ရာကို ဂရုမစိုက်သည့်အလား ခပ်တည်တည်ရယ် ။ 


သူကသာ ဘာဖြစ်လာသလဲ ၊ ဘယ်လိုဖြစ်ခဲ့သလဲ ဆိုသည့် မေးခွန်းပေါင်းစုံကို တရစပ်မေးနေခဲ့သော်လည်း ယူဂျင်းက " ကော်ဖီမှောက်ကျသွားလို့ပါ " ဆိုသည့် စကားတစ်ခွန်းသာ ဖြေသည် ။ 

မျက်နှာလည်း မလန်း၍ နေမကောင်းဖြစ်နေသလားဟု ထိုကောင်လေး၏ နဖူးကို စမ်းတော့ ကိုယ်နွေးမနေပါ ။ ရုတ်တရက်ရယ်မို့လားမသိပေမဲ့ ယူဂျင်းက သူ့လက်ကို မရှောင်ဘဲ မျက်လုံးလေးမှတ်ကာ ငြိမ်ငြိမ်လေးသာ နေပေးသည် ။ 


" နောက်နေ့တွေ ကော်ဖီ ခပ်နွေးနွေးလေး ကိုယ်ဖျော်လာပေးမယ် " 


ထိုကလေးက ခေါင်းလည်းမညိတ်ခဲ့သလို ငြင်းဆန်ခြင်းလည်း မရှိခဲ့ချေ ။ မနက်ကလို စိတ်ဆိုးစိတ်ကောက်ဟန်ဖြင့် လျစ်လျူရှုခြင်းမျိုးလည်း မဟုတ်ပေမဲ့ သူ့စကားကို ခွန်းတုံ့ပြန်ခြင်းမျိုးလည်းမရှိခဲ့ပါ ။ 

သို့သော် ကားပေါ်သို့ ရောက်လာကတည်းက ထိုကောင်လေးဟာ သူ့ကို အကြာကြီး စိုက်ကြည့်နေခဲ့သည် ။ မဟုတ်သေးပါ ။ စိုက်ကြည့်သည်ဟု မသတ်မှတ်နိုင် ၊ တစ်ခုခုကို တွေးနေလျက်ပင် ငေးမိငေးရာ ငေးနေခဲ့သည်ဟု ဆိုရလျှင် ပိုမှန်ပါသည် ။ 

သို့ရာတွင် ယူဂျင်း၏ ငေးမောနေခြင်းမှာ အရင်လို ကလေးဆန်မှု နှင့် စိတ်အားထက်သန်မှုတွေ မပါခဲ့ပေ ။ မျက်ဝန်းငယ်များတွင်တော့ မပြောင်းလဲသော ချစ်ခြင်းမေတ္တာအချို့ ကိန်းအောင်းနေမြဲပင် ။ ထိုကောင်လေး ဘာတွေတွေးနေခဲ့သလဲ ဂယူ သိပ်သိချင်ပါသည် ။ 

My Blue : 규진Where stories live. Discover now