8 Letters

4K 460 32
                                    

လွန်ခဲ့သော ၁၂ နှစ်ခန့် ။

၂၀၁၁ ခုနှစ် ။


ယမန်နေ့ သုံးရက်ကျော်မှစ၍ ယူဂျင်းတို့ မိသားစုလေး အလုပ်ရှုပ်နေခဲ့သည် ။ ဘိုးဘိုးဘွားဘွားတို့နှင့် အတူ နေခဲ့သော အမွေဆိုင်ခြံကြီးမှတစ်ဆင့် အိမ်အသစ်ကို ပြောင်းရွှေ့ကြတော့မည်ဟု ဖေဖေက ပြောသည် ။

သူ လမ်းမလျှောက်တတ်ခင်အရွယ်မှာပင် စောစီးစွာ ကွယ်လွန်သွားခဲ့သော ဘွားဘွားကိုတော့ သေချာ မမှတ်မိနိုင်ခဲ့ပါပေ ။ ဘိုးဘိုးကတော့ ယူဂျင်း၏ ငယ်ဘဝ တစ်လျှောက်လုံးမှာ အကောင်းဆုံး ပါဝင်ပေးခဲ့သည် ။ 

ယူဂျင်းတွေးထားခဲ့သည်က ဘိုးဘိုးကတော့ သူ့အနားမှာ တစ်သက်လုံး ရှိနေလိမ့်မည် ၊ ပုံမှန် ဖြတ်သန်းနေကျ နေ့ရက်ကလေးတွေအတိုင်း ဘိုးဘိုးနှင့် ပျော်ပျော်ကြီး နေခွင့်ရလိမ့်မည်ဟု တစ်ထစ်ချ ယုံကြည်ခဲ့ပါသည် ။ သို့ပေမဲ့ ကံတရားကတော့ အဲသည်လို ဖြစ်ခွင့်မပေးခဲ့ပေ ။ ယူဂျင်းဘဝမှာ အယုံကြည်ရဆုံး ၊ အားအကိုးရဆုံး ဘိုးဘိုးကို သူ့အနားမှ ဆွဲထုတ်သွားခဲ့သည် ။ 

ဘိုးဘိုးသည် မကြာသေးမီ လပိုင်းလောက်မှ ယူဂျင်းနှင့် ဤမိသားစုလေးကို အပြီးတိုင်စွန့်ခွာသွားခဲ့သည် ။ဘိုးဘိုးကတော့ ပျော်နေလောက်မည်ပေါ့နော် ။ သူ သိပ်ချစ်ရပြီး လွမ်းဆွတ်နေရသော ဘွားဘွား၏နောက်ကို အေးအေးချမ်းချမ်း လိုက်သွားခွင့်ရခဲ့သည့်အတွက်လေ ။ 

ယူဂျင်း အတွက်တော့ ဘိုးဘိုးမရှိတော့သည့် ဤလောကကြီးဟာ ချက်ချင်းလက်ငင်း တိတ်ဆိတ်သွားခဲ့သလိုပါပင် ။


ဘိုးဘိုးက သူ့အဖို့ ကစားဖော် ကစားဖက်လည်းဖြစ်သည် ။ ပုံပြောသူလည်းဖြစ်သည် ။ ခရစ်စမတ်ဘိုးဘိုးကြီးဆိုလျှင်လည်းမမှား ။ ဝေါဟာရအသစ်တွေသင်ပေးတတ်သော ဆရာတစ်ယောက်ဆိုလျှင်လည်းမမှားပါပေ ။ ထိုသူတစ်ယောက်တည်းကပဲ အဖေ ၊ အမေ ၊ အဘိုး ၊ အဘွား ၊ သူငယ်ချင်း ဆိုသော တာဝန် ပေါင်းစုံ ယူပြီး ယူဂျင်းကို စိတ်ရှည်ရှည် ထိန်းကျောင်းပေးခဲ့ပါသည် ။

ဆရာဝန် မိဘနှစ်ပါးထံမှ ပေါက်ဖွားလာသော ယူဂျင်း၏ ငယ်ဘဝလေးသည် ဘိုးဘိုးနှင့် အချိန်ကုန်ခဲ့ရသော အမှတ်တရတို့နှင့်သာ ပြည့်နှက်နေခဲ့သည် ။ ၁၁ နှစ်ဆိုသော ကာလ အတိုင်းအတာအထိပေါ့ ။ 

My Blue : 규진Where stories live. Discover now