Bubble gum

2.9K 396 14
                                    

၁၉၉၆ ခုနှစ် ၊ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ် ။


JFK - ICN 


" အစ်ကို " 

မေမေ့ ဘေးတွင် ရပ်နေသော အစ်ကို့ကို အရင်ဆုံး တမ်းတ မိသဖြင့် မေမေက ရောက်ရောက်ချင်း မီရာ့အား လက်မောင်းလေးသို့ မနာအောင် ဆွဲဆိတ်သည် ။ အစ်ကိုကမူ သူမအားမြင်သည်နှင့် လွန်ခဲ့သော ၇ နှစ်ခန့်က အထက်တန်းကျောင်းသူလေးလို ခေါင်းလေးကို ပုတ်ပေးသည် ။ 


" ပင်ပန်းနေပြီလား ညီမလေး ၊ ၁၅ နာရီကျော်ကြီး လေယာဉ်စီးလာရတာ " 


အစ်ကို့မျက်နှာလေးကို မြင်ရပြီမို့ မပင်ပန်းတော့ကြောင်းကို ပြောပြချင်ပေမဲ့ ပြန်ရောက်ခါစမှာပင် အရင်ဆုံး နှုတ်မဆက်မိ၍ စိတ်ကောက်သွားပုံရသော မေမေ့ကြောင့် မီရာ ခေါင်းခါလျက်သာ ရယ်ပြလိုက်၏ ။ 


" ဖေဖေက ဘာလို့ လိုက်မလာတာလဲဟင် " 


သူတို့ မိသားစုမဟုတ်သော အစ်ကိုတောင် မီရာ့ကို လာကြိုပေမဲ့ တစ်ဦးတည်းသော သမီးလေး မွေးရပ်မြေကို ပြန်ရောက်လာသည့်တိုင် အရေးတယူ မရှိသော အဖေဖြစ်သူကြောင့် မီရာ စိတ်ဆိုးချင်သွားသည် ။ 


" အန်ကယ်က အလုပ်ရှိလို့ဖြစ်မှာပါ ၊ ဒါကြောင့် ဒီက အစ်ကိုကြီးက ကိုယ့်ညီမလေးကို အန်တီနဲ့တူတူ ရအောင် လာကြိုတာပါဗျာ " 


အစ်ကိုသည် သူမ လက်ထဲမှ အထုတ်များနှင့် လက်ကိုင်အိတ်သေတ္တာလှည်းအား တွန်းဆွဲရင်း ကားပေါ် တင်ဖို့ ပြင်သည် ။ အစ်ကိုသာ ပါမလာခဲ့လျှင် သူမတို့ သားအမိ နှစ်ယောက် အခက်တွေ့ရပေဦးမည် ။ 

resident doctor ဖြစ်နေသော အစ်ကိုသည်တောင် မငြူစူပါဘဲ လာကြိုဖော်ရပေမဲ့ ဖေဖေကတော့ အလုပ်ထက် အရေးကြီးသောအရာ မရှိဆိုသည့် ဆောင်ပုဒ်ကြီးကို လက်ကိုင်ထားတုန်းနှင့် တူပါသည် ။ 

သို့ပေသည့် မီရာက အစ်ကို့ကို မြင်ရရုံနှင့် ဖေဖေ့ကိုတောင် နားလည်ခွင့်လွှတ်ပေးဖို့ ရည်ရွယ်ထားပြီးသားပါပင် ။ အစ်ကို့မျက်နှာဟာ သူမအဖို့ မြင်ရရုံနှင့်ပင် အေးချမ်းသည် ။ တစ်လမ်းလုံး ခရီးပန်းလာခဲ့ရသော ပင်ပန်းနွမ်းနယ်မှုကိုတောင် မေ့ပျောက်သွားရသည်အထိ လန်းဆန်းသွားစေနိုင်သည် ။ 

My Blue : 규진Where stories live. Discover now