Grown ups

2.2K 246 19
                                    

၂၆ ရက်မြောက်နေ့ ။


" ယူဂျင်းနီး .. ကိုယ့်ကို ခဏစောင့်လေ ။ တူတူသွားမယ် "


ယူဂျင်း ကိုကို့ စကားကို နားမထောင်ဘဲ စတီးဂွတစ်ချောင်းရှာရန် တစ်ယောက်တည်း ခြံထဲဆင်းလာခဲ့သည်။ ကိုကို နှင့် ဒေါ်လေးကမူ အိမ်ထဲတွင် စကားပြောနေသည်။ သူတို့ နေထိုင်ရာ တစ်ထပ်အိမ်တိုက်ကလေး၏ ဘေးတွင် စိုက်ပျိုးရေးပစ္စည်းများ ထားသိုသော ဂိုထောင် သေးသေးလေးရှိသည်။ အတွင်းထဲတွင်တော့ အသုံးနည်းသော ပစ္စည်းများကို ကတ်ထူပုံးများနှင့် အထပ်ထပ်စီတန်းထားသည်။

လတ်တလော မိုးစိပ်စိပ်ရွာလာသည်နှင့်အမျှ မိုးရေတို့ဖြင့် ချောနေသည့် ရွာလမ်းလေးပေါ်တွင် မကြာခဏ ဖြတ်သန်းရသော ဆိုင်ကယ်လေးဟာ ချိန်းကြိုးများချောင်လာခဲ့သည်။ ထို့ကြောင့် ဒေါ်လေး၏ ဆိုင်ကယ်ကို ချိန်းကြိုး ကျပ်ပေးဖို့ ကူပေးနေခြင်းဖြစ်သည် ။ သည်လို အရေးပေါ်ကိစ္စတွေ နားလည်တတ်ကျွမ်းသူကတော့ ယူဂျင်းမဟုတ်ပါ၊ ကိုကိုသာပင်။ 


" ယူဂျင်းနီး .. ရှာတွေ့လား ။ မတွေ့ရင် မရှာနဲ့တော့နော် ၊ ကိုယ့်လာခဲ့မယ် "


တကယ်တော့ စတီးဂွတွေထည့်ထားသော သံဘူးကို သူ ရှာတွေ့ပါပြီ။ သို့ပေမဲ့ လှမ်းမဖြေဖြစ်သေးပါ။ သူ ယူလာသော အလင်းမှိန်မှိန်မီးလုံးကလေး ညွှန်ပြနေသည့် ထူးဆန်းသော အရာတစ်ခုက ကိုကို့ထံ စကားတစ်ခွန်းပင် ပြန်မဖြေဆိုနိုင်သည့်တိုင်အောင် ဖမ်းစားသွားခဲ့သည်ဟု ဆိုရမည်။


" ဘယ်လိုဖြစ်လို့ ဒါတွေက .. "


ပိုလာရွိုက်တွေ၊ သစ်သားဘုတ်ပြားကြီးတစ်ခုပေါ်တွင် ပြည့်သိပ်နေသည့် ပိုလာရွိုက်ဓာတ်ပုံတွေ။


ငယ်ငယ်က ကိုကို ကိုယ်တိုင်ရိုက်ပေးထားသော သူ့ပုံတွေ၊ ထို့အတူ သူတို့နှစ်ယောက်တွဲရိုက်ထားသော ပုံတွေ အကုန် ရှိနေခဲ့သည်။ ငယ်ဘဝ၏ အမှတ်တရ အားလုံးကို အတ္ထုပတ္တိတစ်ခုသဖွယ် မထင်မှတ်ထားသောနေရာတွင် တစ်စုတစ်စည်းတည်း မြင်လိုက်ရသည်မှာ အလွန် အံ့ဩစရာကောင်းပါသည်။

My Blue : 규진Where stories live. Discover now