မေတ္တာ

47 7 0
                                    

ကိုယ်အပေါ် မေတ္တာ အစစ်အမှန်ပေးတဲ့သူကို
မပြစ်မှားပါနဲ့ ။

မေတ္တာတရားဆိုတဲ့ စကားလုံးလေးဟာ
အင်မတန်မှ ကြားလို့ ကောင်းတယ် ။
နာလို့ကောင်းတယ် ။ ခံယူလို့ ကောင်းတယ် ။
သိမ်မွေ့တယ် နူးညံ့တယ်လို့ ခံစားရတယ် ။

ဒါပေမဲ့
အင်မတန် ထက်မြက်တဲ့ ဓားတစ်ချောင်း
မိုးကြိုးတစ်စင်းလိုလည်း ဖြစ်နေတတ်တယ် ။

စင်စစ် မေတ္တာတရားလို့ ရွတ်ဆိုလိုက်လျှင်
သူ့နောက်မှာ စေတနာပါတယ် ။
စေတနာနဲ့ကပ်လျှင်မှ ဂရုဏာတရား ပါတယ် ။
ဂရုဏာဆိုတဲ့ သဘောတရားနောက်မှာ
သနားကြင်နာမှုတွေ ကျန်သေးတယ် ။
ဒါနဲ့တင် မပြီးသေးဘူး ။
ကိုယ့်အတွက် ခွန်အားတချို့ကိုပါ ဖြစ်တည်စေတယ် ။

ဒါကြောင့်
ရှေ့ပညာရှိတွေက ပြောကြတယ် ။
မတ်ေတာမစူးစနေဲ့တဲ့
မေတ္တာတရားကို နားမလည်တဲ့သူ
တန်ဖိုးမထားတဲ့ သူတွေဟာ ဝဋ်လည်တဲ့အပြင်
မေတ္တာတရား စူးရှတဲ့ဒဏ်ကိုပါ ခံစားရတတ်တယ် ။

လောကမှာ တချို့သော လူတွေ
မေတ္တာတရား နားမလည်ကြဘူး ။
သူတို့ အတ္တတွေ အတွက်
ကိုယ်ချင်းစာတရား နည်းပါးကြတယ် ။
သူတို့ မာနအတွက်
တစ်ဖက်လူရဲ့ ခံစားချက်ကို မစာနာတတ်ကြဘူး ။
အဲဒီလို လူတွေဟာ မေတ္တာစူးတတ်တယ် ။

ဒါကြောင့် ကိုယ့်အပေါ်ကို
မေတ္တာတရားထားပေးတဲ့သူ ဝေမျှပေးတဲ့ သူတွေကို
မနာကျင်စေနဲ့ မထိခိုက်စေနဲ့
မလိုချင်ရင်တောင် မစော်ကားမိစေနဲ့
ဝမ်းနည်းမှုတွေကို ပြန်မပေးမိစေနဲ့ ။

အဲဒီလူတွေ မရှိတော့တဲ့ အချိန်ကာလ တစ်ခုမှာ
ကိုယ် ပြုသမျှတွေက ဝဋ်ကျွေး ပြန်လိုက်တတ်တဲ့အပြင်
မေတ္တာတွေက ပြန်လည်ပြီး စူးတတ်တယ် ။

ဘဝမှာ
ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို
ထိခိုက်ကြေကွဲ ဝမ်းနည်းစေခြင်းဟာ
ကိုယ့်အတွက် ပြန်လည်ပြီး ပေးဆပ်ရမယ် ။
ဝဋ်ကြွေး ကံကြမ္မာတစ်ခုကို မိမိအတ္တအတွက်နဲ့
ရယူလိုက်ခြင်းပဲလို့ သတိပြုကြရမယ် ။

ပါမောက္ခချုပ်ဆရာတော်

Crd#ပါချုပ်ဆရာတော်
#S.h.u.n.e💓

ကဗျာစုစည်းမှူWhere stories live. Discover now